《 18 》

275 40 25
                                    

Unicode version

“မေမေ..ချိုယွန်းဆရာဝန်သွားပင့်လိုက်ရမလား”

ဂျီအွန်းရဲ့ကျန်းမာရေးကတစ်နေ့ထက်တစ်နေ့ကောင်းမလာဘဲ စိုးရိမ်စရာဖြစ်လာတာကြောင့် ဂျီအွန်းမေမေ‌ရော ချိုယွန်းကပါအလွန်ကိုပူပန်လာပြီဖြစ်သည်။ ဆရာဝန်ပင့်တာလည်းအကြိမ်ကြိမ်ဆိုပေမယ့် ထူးခြားလာခြင်းမရှိတာကြောင့် ဂျီအွန်းမေမေကတော့ ခေါင်းခါသည်။

“ဆရာဝန်ပဲပင့်လို့မရတော့ဘူး ချိုယွန်း၊ မေမေတို့ မင်းကိုကို ကို မြို့စွန်ကိုခေါ်သွားမှဖြစ်တော့မယ်”

မြို့စွန်မှာ ဆေးပေးခန်းအကြီးကြီးရှိပြီး လူကုံထံအသိုင်းအဝိုင်းတွေသာ ကုသရန်လာရောက်ကြသည့်နေရာမျိုးဖြစ်သည်။ ဒါလီတစ်မြို့လုံးမှာလည်း အနောက်တိုင်းဆေးပညာနဲ့ကုသပေးတာဆိုလို့ အဲ့ဒီဆေးရုံကြီးတစ်ခုသာရှိသည်။

“ဒါဆိုလည်း သွားကြမယ်လေမေမေ”

“မေမေ့အိပ်ခန်းထဲက ခေါင်းအုံးအောက်မှာ စုထားတဲ့ငွေစထုပ်ရှိတယ် ယူခဲ့ ချိုယွန်း”

“ဟုတ်ကဲ့မေမေ”

ချိုယွန်းကမြန်မြန်ဆန်ဆန်ပဲ ကိုကို့အခန်းထဲကထွက်ပြီး မေမေ့အခန်းထဲက ငွေစထုပ်ကိုကမန်းကတမ်းရှာပြီး ပြန်ပြေးလာခဲ့ကာ မေမေ့လက်ထဲထည့်ပေးလိုက်သည်။

မေမေကတော့ ကိုကို့အားကြည့်နေရင်းမှ ချိုယွန်းလက်ထဲက ငွေစထုပ်ကိုယူကာ အထဲကငွေစတွေကိုထုတ်လိုက်သည်။ များများစားစားမရှိတဲ့ငွေကြောင့် မေမေ့မျက်နှာကအနည်းငယ်ပျက်ယွင်းသွားခဲ့သည်။

“မေမေ”

တစ်ချိန်လုံးငြိမ်နေတဲ့ဂျီအွန်းက ခေါ်လာသည့်အခါ မေမေဟာ ငွေတွေကိုအိတ်ထဲပြန်ထည့်လိုက်ပြီး ဂျီအွန်းကိုပြန်ကြည့်လာသည်။

“ဟင် အွန်းလေး၊ မေမေရှိတယ်၊ မေမေတို့အခုပဲ မြို့စွန်ကိုသွားကြမယ်နော်”

ဂျီအွန်းက မေမေ့လက်ကိုလှမ်းကိုင်လိုက်သည်။

“ဟင့်အင်း..ကျွန်တော်ဘာမှမဖြစ်ပါဘူးမေမေ၊ မသွားလို့ဖြစ်ပါတယ်”

𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "Where stories live. Discover now