မောင်ထွက်သွားတော့ ကျွန်မတစ်ယောက်တည်း ထမင်းစားခန်းထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ သည်။ ထိုတိတ်ဆိတ်မှုကပင် နံရံပါးပါးလေးတစ်ချပ်သာခြားသော တစ်ဖက်ခန်းထဲမှစကားတွေကို ၏သည်မရွေး ပြန် ကြားဖို့ထောက်ပံ့ပေးနေပြန်သည်။

“သားရူးသွားပြီလား။သား။”

“…….”

  မောင့်ဆီမှတစ်စုံတစ်ရာပြန်ဖြေသံမကြားရပါ။

“အဲ့ဟာကြီးကို မေမေတို့က ချွေးမတော်ရမယ်တဲ့လား။ တွေးကြည့်ရုံနဲ့တင် ရွံစရာကောင်းလွန်းလှပြီ။”

မောင့်မေမေ့၏ထိုစကားက ကျွန်မရဲ့ရင်ကိုစူးခနဲအောင့်တက်သွားစေသည်။ပတ်ဝန်းကျင်ကပုတ်ခတ်တဲ့ စကားလုံးတွေ၊ရုန့်ရင်းကြမ်းတမ်းသောစကားလုံးတွေနဲ့ ကြိမ်ဖန်များစွာတိုက်ခိုက်မှုတွေကို သိတတ်စအရွယ်ကတည်းက နေသားကျနေပြီဖြစ်သော်လည်း ကျွန်မ ချစ်ရသောမောင်၏မွေးသမိခင်ဆီမှစကားကတော့ ကျွန်မကိုပိုပြီးအထိနာစေသည်။

“မြတ်က မေမေအဲ့လောက်ထိရင့်ရင့်သီးသီး ပြောရမဲ့မိန်းကလေးမဟုတ်ဘူး။ မေမေ”

“မိန်းကလေးလို့ မပြောစမ်းပါနဲ့။တကိုယ်လုံး ဖြတ်ဖောက်ချုပ်ထားတဲ့ဟာကြီး။သူ့ကိုကြည့်ရတာ ပလတ်စတစ် အရုပ်မကြီးလိုပဲ။ ဘယ်လောက်ထိပြင်ပြင် သူ့ဟာသူဘယ်လောက်ပဲလှလှ သူကမိန်းမအစစ်တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။”

အင့်ခနဲရှိုက်သံက ရင်ခေါင်းထဲမှ တိုးထွက်လာသည်။ အပြင်ကိုထွက်အန်မကျစေဖို့ ပါးစပ်ကို လက်နှင့်အုပ်လိုက်မိသည်။ မောင့်မေမေဟာ ကျွန်မရဲ့ကြိုးစားမှုကို အသိအမှတ်မပြုပေ။ ဘုရားသခင်က စိတ်နှင့် ခန္ဓာကို လွဲမှားစွာ ဖန်ဆင်းပေးလိုက်ပြီးသည့်နောက် ကျွန်မရဲ့စိတ်ဆန္ဒအလျောက် ကျွန်မခန္ဓာကိုယ်ကို ပြုပြင်ဖန်တီးခဲ့ရသည်သာ။ အသွေးအသားတွေကို လှီးဖြတ်ထုတ်၊ နာကျင်ခြင်း၊ပင်ပန်းခြင်း၊ခက်ခဲခြင်းတို့ကို အရင်းအနှီးပြုပြီးမှ ရလာတဲ့ ဒီပုံစံကို အစစ်အမှန်မဟုတ်ရင်တောင် ကျွန်မမြတ်နိုးသည်။

“ကျွန်တော် မြတ်ကိုရွေးချယ်တာ ယောကျင်္ား၊မိန်းမဆိုတဲ့အပေါ်မူတည်ပြီးရွေးတာမဟုတ်ဘူး။မေမေ။ကျွန် တော့်ချစ်တဲ့သူတစ်ယောက်အဖြစ်ရွေးတာ။ ပြီးတော့ မေ့မေသိဖို့ တစ်ခါတည်းပြောလိုက်ဦးမယ်။ ကျွန်တော် မြတ်ကိုပဲ လက်ထပ်မှာ။ ကျွန်တော့်ဘက်က ဒါစကားအကုန်ပဲ။ အခု မြတ်ကိုအိမ်လိုက်ပို့လိုက်ဦးမယ်။” 

စက္ကူပန်း - စကၠဴပWhere stories live. Discover now