"သွားတောင်းမလားသား "

"အင့် ဗျာ "

"သားအဲ့ကောင်လေးကိုသိပ်ချစ်တာပဲလား "

"အင်း သားရဲ့အသက် "

"သားကသိပ်ချစ်နေတော့ဒီအမေက ကြံပေးရတော့မှာပေါ့ "

သားအမိနှစ်ယောက်အကြည့်ချင်းဆုံကာ ဖတ်ထားကြသည် နောက်ဆုံးတော့ အချစ်စစ်ကိုရှာတွေ့ခဲ့ပြီပေါ့ ရှောင်းငယ်ရယ်

"ကိုကြီး "

"တိတ်တိတ်နေ အရမ်းကြောက်နေတယ်ဆိုအိပ်လိုက်တော့ ကိုကြီးစောင့်ပေးမယ်"

ရှောင်ကျန့်ရဲ့ မမှန်တဲ့ လုပ်ရက်ကြောင့်ရိပေါ် ဟာအကြီးအကျယ်အဆူခံထိမယ်လို့ ယူဆထားပေမယ့် ပါးနဲ့မားအပြင် ကိုကြီးကပါဘာမှမဆိုခဲ့ တစ်လမ်းလုံးထွေးပွေ့ကာ အိမ်ရောက်တော့လဲ ဂရုတစိုက်ရှိကာ ဘာမှမဖြစ်ခဲ့သလိုနေနေကြ၏ အခုတော့ အိပ်ခန်းလေးထဲမှာ ရိပေါ်ကိုကိုကြီးက စောင့်နေပေးခြင်း

ရိပေါ်နည်းနည်းလေးတော့ ကြောက်မိပေမယ့် အခုတော့ရိပေါ်ပူလောင်တာရယ်ဆိုတစ်ခုသာရှိသည်  ကိုကို အဆင်ပြေရဲ့လား တကယ်ပဲကိုကို့ကိုပါးပါးတို့ကတရားစွဲမှာလား ကိုကိုကသူ့ကိုမုန်းသွားပြီလား ကိုကို့ကိုစိတ်မဆင်းရဲစေချင်ဘူး

"ကိုကြီး ဟို ~~~ ရှောင်ကျန့်ကို တကယ်ပဲ "

"တရားစွဲမှာ အခုလွတ်သွားပေမယ့် သူ့လုပ်ရပ်ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး "

"ဟို ထား~ထားလိုက်ပါတော့ပြီးခဲ့တာတွေလဲပြီးပြီပဲ "

"ငယ်လေး သူ့ဘက်က ပါမနေနဲ့ ကိုကြီးတို့သာ အမြန်ရောက်မလာရင် မင်းဘာဖြစ်နေမယ်ထသ်လဲ ဟမ် မင်းကိုဖျက်စီးချင်တဲ့ကောင်ကို မင်းက သနားနေတာလား ငယ်လေး "

"သားက ~~~"

"တော်လိုက်တော့အဲ့ကိစ္စကိုတွေးမနေနဲ့ "

စကားသံအဆုံးရိပေါ်ကိုကျောပေးကာလှည့်ထိုင်းနေပြီး စကားမဆိုတော့ အခုအခြေမှာဆက်ပြီးဒီစကားကိုမပြော‌ချင်တော့ဘူးဆိုတဲ့သဘောပေါ့ ဒါမယ့်မတက်နိုင်ရိပေါ် ဆက်ပြီးပြောရမယ် ကိုကို့ကိုနည်းနည်းလေးမှထိခိုက်မခံနိုင်ပါ

Promise Where stories live. Discover now