15: Toy Story

551 101 63
                                    

Note :  အောက်ဆုံးမှာ လက်ဆောင်ပါပါတယ်။ ENJOY.


#MonShweyee #PixieDust #15


ရဲဆက်မှာ လူးလူးလွန်လွန့်ဖြင့် အိပ်၍မပျော်နိုင်ဘဲ ဘေးနားလေးကို မကြာခဏ စောင်းငဲ့ကြည့်နေမိ၏။ အရာအားလုံးနှင့် မသက်ဆိုင်သည့်အလား စက်တော်ခေါ်နေသော ကိုနေ့သစ်ဆက်နှင့် Simba ကိုကြည့် ရင်း ရဲဆက်မှာ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိထားရသည်။ လနှင့်ချီ၍ တစ်အိပ်ရာထဲနေလာဖြစ်သော်လည်း နေ့ချင်းညချင်း အဆင့်တက်သွားသောအခါ နေရထိုင်ရသည်မှာ အဆင်မပြေချင်တော့။ ကိုယ့်အခြေအနေ ကိုယ် ပြန်စဉ်းစားရင်း ရင်ထဲမှ လှုပ်ရှားမှုကို အဖြေရှာနေရတော့သည်။

အစ်ကို့ဘက်က ရည်းစားဖြစ်ချင်ကြောင်း ဖွင့်ပြောလာစဉ်က ရဲဆက်တစ်ယောက် အိပ်မက်မက်နေသည် ဟုပင် ထင်ခဲ့ရ၏။ ကိုယ်သဘောကျနေသောသူက ကိုယ့်ကို ချစ်နေလိမ့်မည်ဟု ရဲဆက် နည်းနည်းမှ စိတ် ကူးမယဉ်ခဲ့ဖူးခဲ့။ အထူးသဖြင့် အစ်ကို့လို လူတစ်ယောက်က ရဲဆက်ကို ချစ်နေလိမ့်မည်ဟု မထင်ခဲ့မိ။ အစ်ကိုက ချောတဲ့သူတွေကိုမှ ကြိုက်တာ ဟူသော စကားရပ်ကို ရင်ထဲ အကြိမ်ကြိမ်ရိုက်သွင်းခဲ့မိ၍လား မသိ၊ ရဲဆက် အများကြီး သိမ်ငယ်ခဲ့ရသည်။ ထို့ပြင် အစ်ကိုက သူ့ကို တုံ့ပြန်ခွင့်မပေး။ စကားတစ်ခွန်း ပြောလျှင်ပင် အိမ်ပေါ်ကဆင်းသွားမည်ဟု ခြိမ်းခြောက်လိုက်သေးသည်။

"အစ်ကိုက ဗျာ.. တကယ်ပါပဲ.."

ရဲဆက် အသံထွက်ရေရွတ်မိရင်း အစ်ကို့နဖူးစပ်လေးမှာ နှုတ်ခမ်းအပ်ထားမိ၏။

"အွန့်"

အစ်ကို နိုးသွားမည်လားဟု စိုးရိမ်သော်လည်း အစ်ကိုက အွန့်ဟုသာ အသံထွက်ပြီး Simba ကိုသွားဖက်နေ ပြန်ပါပြီ။ ရဲဆက် ပြုံးလိုက်မိသည်။ ဘယ်လောက် ချစ်ဖို့ကောင်းလိုက်တဲ့ အစ်ကိုပါလဲ။ တောတွင်းသား ဟု ရဲဆက်ကို ရက်ရက်စက်စက်ခေါ်ခဲ့သည့် အစ်ကိုက ယခုတော့ ရဲဆက်ချစ်သူဖြစ်လာခဲ့ပြီ။

ဝရုန်းသုန်းကား ရည်းစားဖြစ်ခဲ့ရသော အခြေအနေကို တွေးမိတော့ ရဲဆက် ရယ်မိပြန်သည်။ နှစ်ယောက် သား ကိုယ့်နှလုံးသားကိုယ် ဝန်ခံပြီးကြသောအခါ နူးညံ့ချိုမြိန်သော အနမ်းလေးဖလှယ်ခဲ့ကြသည်။ ရဲဆက် ကလည်း စပိန်ဘာသာစကားဖြင့် ဖွင့်ဟဝန်ခံခဲ့၏။ နှစ်ယောက်သား ထမင်းမေ့ဟင်းမေ့ဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် မက်မက်စက်စက် ငေးကြည့်ခဲ့ကြရင်း တစ်ညလုံးကုန်တော့မည်ဟု တွေးမိသော် လည်း ဗိုက်ဆာနေပုံရသော Simba က အသံစုံပေးပြီးနှောင့်ယှက်နေသဖြင့် အစ်ကို့မှာ အကြည်မစိုက်နိုင် တော့ဘဲ စားစရာ ထပြင်ရသေးသည်။ ရဲဆက်ဖို့လည်း အသင့်စား ဆန်ပြုတ်လေးပြုတ်ပေးပြီး အစ်ကိုက တော့ ဟိုဟိုဒီဒီ မုန့်နှိုက်စားလိုက်၊ Simba ဖို့ အသားကြော်ပေးသည်ကို နှိုက်စားလိုက်ဖြင့် ဗိုက်ပြည့်သွားပုံ ရပါသည်။ ယခုလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့လည်း တစ်လောကလုံးမှာ အစ်ကို့အပြင် အေးချမ်း ရာမရှိ။ ဗိုက်ကားနေသော Simba ကလည်း ခြေထောက် မိုးပေါ်မြှောက်ရင်း ဟိုလှည့်ဒီလှည့်ဖြင့် သိုး နေအောင်အိပ်နေ၏။

Pixie DustWhere stories live. Discover now