Part (17) Uni/Zawgyi

Start from the beginning
                                    

ဒါပေါ့....ရန်ကြီးအောင်သေချာပေါက်အဲ့ဒီကောင်ကိုရောဒိုင်ကိုရောသတ်ချင်နေလိမ့်မည်။ ဒီကောင့်ရဲ့ဒေါသက အထိန်းအကွပ်မဲ့တတ်သည်။

"အေးပေါ့ မင်းနဲ့အဲ့ဒီကောင်နောက်တစ်ကြိမ်ဆုံဦးမှာပဲ"

ခိုင်မြဲက ဝင်ပြောသည်။

"မင်းသက်သာတဲ့နေ့ကျရင် မင်းရဲ့နည်းပြနဲ့တစ်ချက်ဆွေးနွေးကြည့်ဦး သူကတစ်ခုခုသိထားတဲ့ပုံပဲ"

ထူးမြတ်လင်းက သူနဲ့တွယ်တာနဲ့၂ယောက်တည်းရှိနေတုန်းမှာနည်းပြနဲ့စကားပြောခဲ့တာကိုရန်ကြီးမမေ့။ ထို့ကြောင့်ထူးမြတ်လင်းစကားကိုနားထောင်ပြီးခေါင်းညိတ်လိုက်သည်။

"မင်းတို့၂ကောင်ပြန်ချင်ပြန်တော့လေ ငါကရတယ်"

"အိပ်ယာထဲလိုက်ပို့ခဲ့ရမလား"

ခိုင်မြဲက ရန်ကြီးရဲ့လက်မောင်းကိုကိုင်ပြီးပြောလာတဲ့စကားကြောင့် ရန်ကြီးကဖူးရောင်နေတဲ့မျက်လုံးတွေနဲ့ဂြိုလ်ကြည့်ကြည့်လာပြီးထူးမြတ်လင်း ကတစ်ခုခုကိုတွေးမိကာရယ်သည်။

"မင်းအဖေက ဒီဒဏ်ရာလောက်နဲ့ဘာမှမဖြစ်ဘူး အိပ်ယာထဲငါ့ဟာငါသွားနိုင်တယ် "

ရန်ကြီးကသူ့လက်မောင်းကိုလာကိုင်တဲ့ခိုင်မြဲလက်ကိုဖယ်ချပြီးပြောလေသည်။

"တရုတ်ကြီးက မယားဝဋ်တရားငါးပါးနဲ့အညီပြုစုပေးချင်သေးရင်နေခဲ့"

"မင်းမေဇဘ !"

ထူးမြတ်လင်းကစလိုက်တော့ တရုတ်ကြီးကရန်ကြီးနားကနေထပြီးခပ်ဝေးဝေးသွားလိုက်ကာဆဲရေးဆိုသည်။

"သွားကြတော့ မင်းတို့ရှိနေတာကပိုဆိုးတယ်မျက်စိနောက်တာ"

ရန်ကြီးက နေရာကနေထပြီးသူ့အခန်းထဲသူဝင်သွားရင်းပြောလိုက်သည်။

ထူးမြတ်လင်းနဲ့ခိုင်မြဲလည်းရန်ကြီးအားနားပါစေဆိုပြီးထားခဲ့လိုက်တော့သည်။

ရန်ကြီး အခန်းထဲမှာထားခဲ့သောအိပ်ယာထောင့်ကစားပွဲပေါ်မှာရှိနေသည့် ဖုန်းကိုလှမ်းယူပြီးအိပ်ယာပေါ်သို့လှဲလိုက်သည်။ နာရီကြည့်ဖို့Screen ကိုတစ်ချက်ထောက်လိုက်တဲ့အခါ ည ၈ နာရီဖြစ်ပါသည်။

The Challenge of Love (OC)Where stories live. Discover now