Part 1(Uni+Zawgyi)

814 12 0
                                    

(Uni)

"ဟင်အင့် ဟင်အင့် သမီးလုံး၀လက်မထပ်နိုင်ဘူးနော် အဖေပေးစားတဲ့အဲဒီလူကိုသမီးလုံး၀မယူနိုင်ဘူး"

"သမီးရယ် ဦးကျော်စွာကလေ အသက်ကသမီးထက်နည်းနည်းကြီးပေမယ့် ရုပ်တော့ဖြောင့်ပါတယ်သမီးရယ်"

"ဘာ သမီးထက်နည်းနည်းဘဲကြီးတယ် ဟုတ်လား ဘာနည်းနည်းလဲအဖေ သူက သမီးထက်၂၅နှစ်တောင်ကြီးနေတာလေ အသက်ကအဖေ့အရွယ်လောက်တောင်ရှိတာကို ပြီးတော့ ရုပ်ကလဲဖြောင့်တယ်ဟုတ်လား ပါရေတွေကလည်းတွန့် ဗိုက်ကလည်းပူ အရပ်ကလည်းပုနဲ့ အဲဒီလိုလူမျိုးကို သမီးက ဘယ်လိုစိတ်နဲ့ယူရမလဲလို့"

"သမီးရယ် သူ့ကိုယူလိုက်ပါ သမီးသာခေါင်းညိတ်လိုက်ရင် အရာအားလုံးOkပြီးတဲ့
အခုအဖေကုမ္ပဏီ အရှုံးတွေပေါ်ပြီးအကြွေးတွေတင်နေလို့ပါ သမီးကိုသူနဲ့ပေးစားလိုက်ရင် အဖေ့အကြွေးတွေအားလုံးကို သူဆပ်ပေးမယ်တဲ့ အဖေ့ကို ကူညီပါနော် သမီး သမီးသာမကူညီရင် အဖေဒုက္ခရောက်မှာ"

"အော် အဖေအကြွေးတွေပိလို့ ဒုက္ခရောက်မှာစိုးလို့ ကိုယ့်သမီးကို အသက်ကြီးကြီးဗိုက်ပူပူယောကျာ်ကြီးနဲ့ပေးစားပြီးတော့ အကြွေးတွေဆပ်မယ်ပေါ့လေ အဖေအဲဒီလိုလုပ်လိုက်တဲ့လုပ်ရက်က ကိုယ့်သမီးကိုရောင်းစားပြီးအကြွေးဆပ်လိုက်တာနဲ့အတူတူဘဲ အဖေအရမ်းရက်စက်တယ် သိလား သမီးကသက်မဲ့ပစ္စည်းလားအဖေ သမီးဘက်ကိုမကြည့်တော့ဘူးလားအဖေ ပြောလေ"

"သမီးရယ် အဖေလည်း အဲဒီလိုမလုပ်ချင်ပါဘူးကွာ အခုကုမ္ပဏီအရှုံးပေါ်လို့ အဖေဆီမှာ ရှယ်‌ယာတွေအပ်ထားတဲ့ ရှယ်ယာရှင်တွေကလည်း သူတို့ရှယ်ယာတွေကိုယူလိုက်ပြီးတော့အဖေနဲ့မရင်းနှီးမမြှုပ်နှံချင်တော့ဘူးတဲ့ အခုအဖေ့ကိုကူညီနိုင်တာ ဦးကျော်စွာဘဲရှိလို့ပါကွာ"

"ဟင်အင့် ဘာဘဲဖြစ်ဖြစ် အဖေပြောတာကို သမီးလုံး၀လက်မခံနိုင်ဘူး အမှန်တိုင်းပြောရင် အခုသမီးမှာ ချစ်သူရှိတယ် လက်ထပ်ရင်လည်းသူ့ကိုဘဲ လက်ထပ်မှာ  အဖေပေးစားမယ်ဆိုတဲ့အဲဒီဗိုက်ပူပူအဘိုးကြီးကိုသမီးမယူနိုင်ဘူး ‌အဲဒီအဘိုးကြီးကိုယူမယ့်အစား သမီးကိုယ့်လျှာကိုယ်ကိုက်ပြီးသေပစ်လိုက်မယ် ဟွန့်"

Toward Softly Of Love(နူးညံ့သောအချစ်ဆီသို့)Where stories live. Discover now