ညစာစားပြီးနောက်တွင်။
ချက်ပြုတ်ပေးထားသည့် စန်းရန်က စားပြီးသည်နှင့်ထထွက်သွားခဲ့ပြီး ဧည့်ခန်းထဲမှဆိုဖာထက်တွင် သခင်လေးတစ်ယောက်လိုထိုင်ကာ ဖုန်းကစားနေလေသည်။
စန်းကျီသည်လည်း ပုံမှန်အတိုင်း ဧည့်ခန်းထဲသို့ထွက်သွားတော့မည့်အခိုက်တွင် ဝိန်းရိဖန်တစ်ယောက်တည်း ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရှင်းလင်းနေသည်ကိုမြင်လိုက်ရသောကြောင့် ကူညီပေးရန် ပြန်လျှောက်လာခဲ့၏။
ဝိန်းရိဖန်က စန်းကျီအား ပြုံးပြရင်း ;
"ညီမလေး သွားပြီးစာလုပ်နေလေ ၊ မမတစ်ယောက်တည်း သိမ်းလို့လည်းအဆင်ပြေတယ်"
"ရတယ်....အချိန်လည်းဘယ်လောက်မှ ယူတာမှမဟုတ်တာ"
"ဒါဆို ညီမလေးက မမကို ဒီဟင်းတွေကို ပေါင်းထည့်ပေးပါလား"
"ဟုတ်"
မိနစ်ဝက်မျှကြာပြီးသွားနောက်။
"ရိဖန်ကျဲ"
စန်းကျီက ဝိန်းရိဖန်အနားသို့ကပ်လိုက်ပြီး စူးစမ်းချင်စိတ်များပြည့်နေသည့်အလား အသံကိုနိမ့်၍ ;
"မမကို တစ်ခုလောက်မေးကြည့်လို့ရလား"
"ဘာကိုလဲ"
"တကယ်လို့ မမ ပြန်မဖြေချင်ဘူးဆိုရင်လေ....ညီမလေးပြောမယ့်ဟာကို မကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်နော်"
စန်းကျီက မေးရမည်ကို အားနာရှက်ရွံ့မိသော်လည်း သူမအနေဖြင့် အမှန်တကယ်သိချင်လွန်းနေခဲ့ကာ ယခုမေးမည့်မေးခွန်း၏အဖြေက စန်းရန်ပါးစပ်မှ လုံးဝထွက်ကျလာမည်မဟုတ်သောကြောင့်ပင်။
"မမနဲ့ ညီမလေးကိုကိုနဲ့ အရင်တုန်းက ချစ်သူတွေဖြစ်ခဲ့ဖူးတာလား"
"...."
ဝိန်းရိဖန် ;
"မဖြစ်ခဲ့ပါဘူး"
အငြင်းဝါကျအဖြေမျိုးကိုကြားလိုက်ရသည့်အခါတွင်လည်း စန်းကျီက အံ့သြသွားခြင်းမရှိဘဲ
"ဘာလို့လဲဆိုတော့ ညီမလေးရဲ့ ဖေဖေနဲ့မေမေက ပြောပြဖူးတယ် ၊ ကိုကိုက အထက်တန်းကျောင်းတုန်းက ချစ်ကျွမ်းဝင်နေတာတဲ့ ၊ ပြီးတော့ ခုဏကပြောတဲ့ ညီမလေးငယ်ငယ်က လမ်းပျောက်ခဲ့တဲ့ကိစ္စကိုပါ ပေါင်းတွေးကြည့်လိုက်တော့ မမ ဖြစ်နေမယ်လို့ ထင်လိုက်မိတာ"
YOU ARE READING
First Frost [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 25
Start from the beginning