ထို့​နောက်တွင် အဝတ်​လျှော်စက်ဝယ်ထားသည့်စာရင်းကိုပါ ပို့​​ပေးလိုက်ပြီး

[ အဝတ်​လျှော်စက်က ယွမ် ၁၁၉၀ နဲ့ဝယ်ထားတာ ]

ဝိန်းရိဖန် ; [ ငါက စာရင်းအင်း​တွေထိန်းသိမ်းတဲ့​နေရာမှာ မ​တော်ဘူး..ဒါ​ကြောင့်မလို့ နင် ငါ့ကို ပိုက်ဆံ​တွေကြိုမ​​ပေးထားနဲ့..ပစ္စည်းတစ်ခုခုဝယ်ဖြစ်တဲ့အချိန်ကျမှပဲ ထပ်​ပြောရ​အောင် ]

တစ်ခဏအကြာတွင်။

စန်းရန်က အသံမက်​ဆေ့တစ်ခု ပို့လာခဲ့သည်။

"မင်း ​နောက်တစ်ခါပြန်တွက်ကြည့်လိုက်ဦး"

သူ့အသံ​နေအသံထားတို့က တစ်ချက်​လေးမျှ ယိမ်းယိုင်သွားခြင်းမရှိ ၊ နား​ထောင်ရသူအဖို့ ​အေးစိမ့်​နေသည့်အ​ငွေ့အသက်များကိုပါ ထုတ်လွှတ်​ပေး​နေ​သေးသည်။ သို့​သော် ​​နောက်ဆုံး​စကားလုံးကို ​ပြောလိုက်သည့်အချိန်တွင်​တော့ အနားသတ်စကားသံက သိသိသာသာကို ခလုတ်တိုက်ပြ​လေပြီး ရန်စလိုသည့်အရိပ်အ​ယောင်များပင် ပါ​နေ​လေသည်။

နား​ထောင်လိုက်ရသူအဖို့ ချက်ချင်း​ပြေးဆင်းသွားပြီး သူနှင့် တစ်ပွဲတစ်လမ်း နွှဲပစ်ချင်စိတ်များက တဖွားဖွား။

"...."

သို့​သော်လည်း ဝိန်းရိဖန်က တစ်စုံတစ်ရာအားမရှင်းမလင်းဖြစ်​နေရ​သေးသဖြင့်...

သူ့စကားက ဘာအဓိပ္ပါယ်လဲ?..

သူမ မှား​တွက်ထားတယ်လို့ ​ပြောချင်တာလား..

ထို့အပြင် သူမ ပို့လိုက်သည့် ​ငွေပမာဏကိန်းဂဏာန်းများကိုကြည့်​နေရင်းလည်း စိတ်ထဲမ​သေချာမ​ရေရာဖြစ်လာရ​တော့သည်။

မှား​တော့ မတွက်​လောက်ပါဘူးမလား..

ဝိန်းရိဖန်က ချက်ချင်းစာမပြန်​သေးဘဲ ဂဏာန်း​ပေါင်းစက်ကိုဖွင့်ပြီး တဖန်ပြန်တွက်ကြည့်လိုက်၏။

တွက်ချက်ပြီးသွားသည့်ရလဒ်မှာ '505'။

( အခန်းခ 3000×3=9000 ၊ စရံ​ငွေ - 2500 ၊ ​ရေဖိုး - 400 ၊ အဝတ်​လျှော်စက်တစ်ဝက် - 595 ၊ total -12495 ... စန်းရန်​ပေးတဲ့ 13000-12495 = 505 ကျန် )

First Frost [ ဘာသာပြန် ]Where stories live. Discover now