စိတ်ရောဂါသည်တွေထက်  ဆေးကြောင်နေ
တယ့်လူတွေက ပိုကြောက်ဖို့ကောင်းတယ် ။

အခုလာမယ့် အထူးလူနာကလည်း
ဆေးစွဲနေတာကြောင့်ပါပဲ ။
ဆေးရုံအုပ်က မနေ့ကတည်းက ဒီလူနာရဲ့
ကုသမှုမှတ်တမ်း အချက်အလက်တွေကို
သေချာဂရုတစိုက်ရှိစေဖို့
ခဏခဏ‌မှာနေတာ။ 

ဘေးနားက လူနာရဲ့
အချက်အလက်တွေပါတယ့်
File ကို ယူဖို့ကြံတုန်း သူမနဲ့
ချိန်းထားတယ့် လူနာက
အခန်းထဲဝင်လာခဲ့တယ်။ 

" ရောက်လာပြီလား...ထိုင်ပါနော် "

သူမနှုတ်ဆက်လိုက်သည် ။
ဟူဒီအနက်ရောင် ခပ်ပွပွထဲ မြုပ်နေတယ့်
မိန်းကလေးဟာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ
လက်နှစ်ဖက်ထည့်ရင်း သူမရှိရာဆီ
အေးအေးဆေးဆေးဖြင့် လျှောက်လာကာ
‌အရှေ့က ထိုင်ခုံမှာဝင်ထိုင်တယ်။ 

ဆေးလိပ်မီးညှိထားခြင်းမရှိတယ့်
Cigarette ကို ညှပ်ကိုင်ထားတယ့်လက်ကို
သူမရဲ့ စားပွဲပေါ်တင်ထားသည်။ အရှေ့က
Jennie ကို အာရုံမရှိဟန်ဖြင့်
သူ့ဟာသူ အခန်းထဲ အကဲခတ်သလို
မျက်လုံးဝေ့ကြည့်နေသည်။ 

သူမရဲ့ရှေ့က သူက
ယဉ်ကျေးမှုမ‌ရှိပေမယ့် တော်တော်လေး
ချောတယ် ။ Jennie မသိမသာ
အရှေ့က သူ့မျက်နှာကို အကဲခတ်
ကြည့်နေမိလိုက်တယ်။  ဘာမှ ပြင်ဆင်
ထားခြင်းမရှိဘဲ ကြည့်ကောင်းနေသည် ။

နှုတ်ခမ်းတို့ဟာတော့ အညိုရောင်ဘက်
သမ်းချင်နေပြီ ။ မျက်တွင်းတွေကလည်း
အနည်းငယ်ကျနေတယ် ။ မျက်လုံးဘေးမှာ
တစ်ခုခုနဲ့ခိုင်းမိထားလို့ ညိုနေတယ့်ပုံပေါ်တယ့်
အညိုကွက်လည်းရှိတယ် ။ တစ်ကယ်တော့
အထိုးခံထားရတယ့် ဒဏ်ရာဆိုတာ
သိသာပါတယ်။ 

" ကျွန်မတို့စကားဝိုင်းလေး
စလိုက်ကြမလား Kim Jisoo shi..."

သူက ခေါင်းညိမ့်ပြသည် ။ Jennie
တစ်ချက်ပြုံးပြရင်း လက်ထဲက
သူ့ရဲ့အချက်အလက်‌ရေးထားတယ့်
File ကို တစ်ချက်ငဲ့ကြည့်မိတယ် ။
အဲ့တော့ သူကနေ

" ‌ဒေါက်တာ မီးခြစ်ရှိလား..."

သူကထိုသို့ပြောရင်း လက်ထဲက
Cigarette ကို မျက်စပစ်ပြတယ် ။
Jennie ခေါင်းတစ်ချက်ခါပြလိုက်ရင်း

KIM'S DOCTOR Waar verhalen tot leven komen. Ontdek het nu