'' အလိုမရှိတဲ့...ရှင်သန်မှု ''

114 11 5
                                    

[ Unicode]

ယဥ်ကျေးသိမ်မွေ့လှသော
မြို့ပြကြီးရဲ့ နေ့ဘက်အလှတရားတို့
နေဝင်ပြီးနောက် ထပ်မံ
ထွက်ပေါ်လာသော မီနီယွန်
အလင်းရောင်များဖြင့် ခြယ်မှုန်းထားတဲ့
ဂန္တဝင်အလှတရားတစ်ခု ။

ထိုအလှတရားကို ပိုပြီးကွန့်မြူးအောင်
ဖန်တီးပေးမယ့် ပညာရှင်များက သူတို့၏
အဆင်း အရောင် အရည်အသွေး
ပြည့်ဝလှပါသော
လက်စွဲတော်အသီးသီးဖြင့်
လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ
အပြည့်အဝနေရာယူထားလေသည်။

'' အခုထိ မစသေးဘူးလား ''

တစ်ဖက်လူရဲ့ အမေးကြောင့်
လက်ထဲမှ နာရီကိုတစ်ချက်ကြည့်လိုက်တော့...

အချိန်အားဖြင့် 11:30 PM ။

'' ခဏနေရင်... စပြီ ''

'' ဒီနေ့ပွဲက သာမန်ပွဲလေးပဲမဟုတ်လား ။
ဘာလို့ လုံခြုံရေးတွေက ပိုများနေရတာလဲ ။
လူသစ်တွေလည်း တော်တော်များနေတယ် ''

'' .... ''

'' ဘယ်သွားဖို့လဲ... ပွဲစတော့မယ်လေ ။
မင်းပြောတော့ အနိုင်ရတဲ့ကားကို
အရယူမယ်ဆို ''

'' စိတ်မပါတော့ဘူး ''

နေရာကနေ လှည့်ထွက်မည်အပြု...

'' ya !! အချိန်မပြည့်သေးရင် ထွက်လို့မရဘူးကွ ''

ကိုယ်က မျက်မှောင်ကြုတ်ရင်း
နားမလည်သည့်သဘောကို ပြလိုက်တော့

'' ဆောရီး... ''

'' ဘာအတွက်? ''

'' ဒီ field က စည်းကမ်းကြီးတယ် ။
ဝင်လာပြီးရင် သတ်မှတ်ထားတဲ့
အချိန်အတွင်း ဘယ်သူမှ
ထွက်ခွင့်မရှိဘူး ။ ''

'' ထွက်ရင်ရော... ''

'' ပြင်းပြင်းထန်ထန်
အပြစ်ပေးခံထိတယ် လို့
ပြောကြတာပဲ ''

'' ဘယ်လို အပြစ်မျိုးပေးတာလဲ ''

ဘယ်သိမလဲ ဆိုသည့်သဘောကို
ပုခုံးနှစ်ဖက် တစ်ချက်ပင့်လျက်
ပြလေတော့ ...

စိတ်ပျက်စွာဖြင့် ထိုနေရာမှ
ချက်ချင်း လှည့်ထွက်ခဲ့သည် ။

'' ဘမ်န် !! ''

ဘယ်လိုတောင် အူကြောင်ကြောင်နိုင်လိုက်သလဲ ။

𝘐𝘯𝘵𝘪𝘮𝘢𝘵𝘦 𝘚𝘵𝘳𝘢𝘯𝘨𝘦𝘳Donde viven las historias. Descúbrelo ahora