'' အဆုံးသတ်သွားသော ...ကနဦးအစ ''

235 23 9
                                    

Unicode //
             

'' မျှော်လင့်ချက်ကိုယ်စီနဲ့ ရှင်သန်နေကြတဲ့
လောကကြီးထဲကို မမျှောင့်လင့်ခြင်းတွေက
အလည်လာတတ်ကြတယ် ''

             

ဘယ်တုန်းကမှ အတွေးထဲ၌ပင်ထည့်၍
မတွေးထားခဲ့ဖူးသော ၊ ယောင်၍မျှပင်
စိတ်မကူးမိပါသော...။

ဦးစွာအစကနဦးကတည်းကပင် ကျွန်တော်သည်
ကျွန်တော့်၏အနာဂတ်ကို ဝါသနာပါရာလုပ်ငန်းဖြင့်
ထုဆစ်ပုံဖော်နေသောလမ်းကြောင်းတွင်
အလုပ်နှင့်မသက်ဆိုင်သော သူစိမ်းတစ်ယောက်တစ်လေမှ
ပါဝင်ခြင်း မရှိခဲ့ ။

ကိုယ့်အတ္တလှေငယ်ပေါ်တွင် ဝါသနာပါရာ
အထုပ်အပိုးတွေနဲ့ တက်စုံရွက်ကုန်ဖွင့်ရင်း
ကိုယ့်တစ်ဦးတည်း၏ ကမ္ဘာငယ်သည်
ကျဥ်းသယောင်ယောင်ရှိသော်လည်း
ဖတ်ရှုစရာ ရသစာပေမျိုးစုံ ၊ ရေးသားဖန်တီးစရာ
အဖွဲ့အနွဲ့များစွာဖြင့် နေသားကျ
ပျော်ရွှင်နေခဲ့ပါ၏ ။ သို့သော်...

အေးချမ်းငြိမ်ဆိတ်နေသော ကျွန်တော့်ဘဝထဲကို
ထင်မှတ်မထားပဲ လူတစ်ယောက် ဝင်ရောက်
လာခဲ့သည် ။ ကဗျာမဆန်ပါ ။ ချိုသယောင်
ထင်ရသော်လည်း ခါးသက်သွားစေသည့်
ဆေးသကြားကဲ့သို့ လူသားမျိုး ။

အံသြစရာကောင်းသောအချက်က...
ထိုသူ၏ ဥပဓိရုပ်နှင့် ကိုယ်ယောင်ကိုယ်ဝါသည်
လူသားချင်းတူပါသော်လည်း တမူထူးစွာ
ထူးခြားတောက်ပသည့် အဆင်းအရောင်တို့ဖြင့်
ခမ်းနားထည်ဝါသလောက် မောက်မာပြီး
မာနကြီးလွန်းသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု
ပို၍မထင်ထားခဲ့ ။ တစ်နေ့...

* * * * * * * < I S > * * * * * * *

ထိုနေ့သည် ဒယ်ဂူ၌ကျန်ရစ်ခဲ့သော
ကျွန်တော့်၏ အားကိုးလေးစားဖွယ်ရာ
တစ်ဦးတည်းသော အစ်ကိုကြီး '' ဆူဘင်း '' ၏
စီစဥ်ပေးမှုဖြင့် ဆိုးလ်မှ အစ်ကိုကြီး၏ မိတ်ဆွေ
စာအုပ်ထုတ်ဝေသူ ဒေါက်တာ လင်းယွဲ့ နှင့် ကျွန်တော်... ။

လမ်းသွားလမ်းလာ ခပ်ကျဲကျဲဖြစ်နေသော
လမ်းသွယ်တစ်နေရာ ၊ ကုန်းပြေမြင့်ပေါ်တွင် တည်ရှိနေသော
'' Angel's Smile '' ဟူသည့် အမည်နာမ
ဆန်းဆန်းနှင့် ခေတ်နှောင်း ကော်ဖီဆိုင်တစ်ဆိုင်၏
ထောင့်ကျကျနေရာတစ်ခု၌ဖြစ်သည် ။ ကော်ဖီ
တစ်ခွက်စီနှင့် စာအုပ်ထုတ်ရန်ကိစ္စများ
ဆွေးနွေးဖြစ်ကြသည် ။

𝘐𝘯𝘵𝘪𝘮𝘢𝘵𝘦 𝘚𝘵𝘳𝘢𝘯𝘨𝘦𝘳Där berättelser lever. Upptäck nu