JaeHyukမိမိညီမလေးအိပ်ပျော်နေတဲ့ဆိုဖာနားသွားလိုက်ကာ

"ငယ်လေး.. ငယ်လေးရေ ထတော့ ညီမလေး"လက်မောင်းအားအသာလှုပ်နှိုးသည့်အခါ အင်း အဲ လုပ်၍ပြန်အိပ်သွားပြန်သည်။

"Yoon MiHyunရေ...ထတော့လို့ ကိုကိုပြောနေတယ်လေ "

''ဟင်..အင်း..ကိုကို "

''အေး..ထတော့ ထ "ငုတ်တုတ်ထိုင်လာသော်လည်း မျက်လုံးအစုံမှာမှိတ်ထားဆဲပင်။
တစ်ဖက်မှာတော့ JeongWooအားနှိုးနေပါသည့် DoYouung...
JunKyuကတော့ အမူးပြေဟင်းရည်နဲ့သူ့ညီတွေစားဖို့ မနက်စာကိုသွားပြန်ထွက်ဝယ်သည်။

"JeongWooရေ...ထတော့''

''DoYoungie.."

''နိုးပြီလား ထ ဒီနေ့တော့ ငါတို့တွေရှုတင်နားမှဖြစ်မှာပဲ အချိန်လဲလင့်နေပြီ
JaeHyukie Hyungတို့လဲရောက်နေတယ်"

''အေးပါ အာ့..ခေါင်းကိုက်တာဟ"

''ေဩာျကလေးတှနေိုးပွီလား နိုးရင်လဲ ရေမိုးချိုးကြ ပြီးရင် Hyungဝယ်လာတဲ့မနက်စာစားရအောင် အမူးပြေဟင်းရည်လဲပါလာတယ်
စားသောက်ပြီးမှပဲ စကားပြောကြတာပေါ့...
ထကြ လုပ်စရာရှိတာလုပ်ကြတော့"
လိုတာတွေဝယ်ပြီးပြန်ဝင်လာသည့်JunKyuမှဆော်သြလိုက်သည့်အခါမှ သုံးယောက်သား လှုပ်တုတ်လှုပ်တုတ်နဲ့အပေါ်ထပ်တက်သွားကြသည်။
MiHyunက ဒိီအိမျမှာအခုလို လာလာအိပ်တတ်တာကြောင့် သူမအတွက်အခန်းသီးသန့်ရှိကာ အဝတ်အစားတွေလဲအသင့်ရှိပြီးသားမို့ ဘာမှပူစရာမလိုပေ။
သုံးယောက်သားပြင်ဆင်ပြီးအောက်ပြန်ဆင်းလာတဲ့အခါ အစ်ကိုနှစ်ယောက်နဲ့အတူ မနက်စာစားလိုက်ကြသည်။

အားလုံးမနက်စာစားပြီးကြတော့ DoYoungတို့သုံးယောက်မှာ ကိုယ်လုပ်ထားတဲ့အမှိုက်တွေကိုရှင်းရပြန်သည်။
ပြီးလို့ ဆိုဖာမှာထိုင်ရုံရှိသေး ဖုန်းကိုထိုးပေးကာ စကားစလာတဲ့JunKyu Hyung

"ရော့ DoDoလေး အဲ့မှာကြည့်ကြည့်"
DoYoung အကိုဖြစ်သူဆီကဖုန်းကိုလှမ်းယူကာကြည့်တော့ ဘေးကစပ်စုစိန်နှစ်ကောင်ကပါ
ဘာများလဲသိချင်တယ်ထင်ပါ့ အနားကပ်လာကာ phone screen ကိုကြည့်လာသည်။
မြင်လိုက်ရတဲ့အရာက အရက်ဒဏ်ကြောင့်ခေါင်းနောက်နေတဲ့သူတို့သုံးယောက်လုံးကို အမူးပြေသွားစေသည်အထိဖြစ်စေကာ မျက်လုံးတွေပင်ပြူးကုန်သည်။
အဲ့အရာက .....

You're the one who changed me(HwanYoung/DoHwan Version)Nơi câu chuyện tồn tại. Hãy khám phá bây giờ