Unicode part(2)

3K 132 7
                                    

လှေကားလေးကိုခပ်ဖွဖွလျှောက်ရင်း အောက်ထပ်သို့
ပျို ဆင်းလာလေသည် ပျို ဖွားဖွားက အရမ်းကိုစည်းကမ်းတင်းကြပ်သူဖြစ်ကာ မနက်၈နာရီဆို ပျိုတို့အိမ်ရှိလူတိုင်း မနက်စာစားကြရသည် ပျို တို့အိမ်မှာ
ပျို့ ဖွားဖွားရယ် ပျို မမတို့လင်မယားရယ် ပျို တူမလေးရယ် ပျိုရယ် မိသားစုငါးယောက်နှင့် အိမ်အကူ
ကောင်မလေး၃ယောက်ကားဒရိုင်ဘာဦးလေးတင်ရယ် ပျို့တို့ငယ်ငယ်တည်းကနေလာခဲ့တဲ့ ကြီးကြီးနုရယ်နဲ့ဆို စုစုပေါင်းအိမ်တွင်ဆယ် ယောက်ခန့်ရှိလေသည် ပျို့ ထမင်းစားခန်းထဲဝင်တော့ ပျို့မမက ဆီးကြိုစွာ

"ပျိုလေး လာလာဒီမှာပျိုကြိုက်တဲ့ မုန့်ဟင်းခါးမမကိုယ်တိုင်ချက်ထားတယ်"
ပျို့မမက ပျို့ကိုအရမ်းချစ်ရှာသည် အိမ်တွင်ပျို့ကို မမက တုန်နေအောင်ချစ်ပီးလိုလေသေးမရှိအောင်ထားသည် သို့ပေ့မယ် ပျို့ ဖွားဖွားကတော့အမြဲခပ်တည်တည်ခပ်တန်းတန်းဖြင့် ပျိုနှင့်မမကိုမျက်နှာသာမပေးတတ်ပေ ပျို ကိုကိုတစ်ယောက်ကတော့ဖွားဖွားစကားနားမထောင်လို့ဆိုပီး.....ပျို အတွေးတွေကိုဖျောက်ပြစ်ပီ

"ဟုတ်ကဲ့ မမရောင်စဥ်"

ပျို ထမင်းဝိုင်းမှာဝင်ထိုင်လိုက်ပီဖွားဖွားကို

"မောနင်းပါဖွားဖွား"

လို့ဆိုပေ့မယ် ဖွားဖွားကခေါင်းတချက်သာငြိမ့်ပြပီ
ပန်းကန်ထဲက မုန့်ဟင်းခါးကိုဆက်စားနေပီးမှ

"မေထိပ်ထားပျို ဒီနေ့ မောင်တေဇ အပြင်သွားဖို့ငါ့ကိုပြောထားတယ် အဲ့တာညည်းအဆင့်သင့်လုပ်ထားလာခေါ်လိမ့်မယ်"

ပျိုစိတ်ညစ်လှတယ် ပျိုဆန္ဒကိုမမေးတော့ဘူးလား
ဘာလို့ပျို့စိတ်ဆန္ဒကိုအရင်မမေးဘယ် သူဖြစ်ချင်တာဘယ်ဇွတ်လုပ်ပီးမှ အသိပေးတဲ့သဘောအနေနဲ့ပြောရတာလည်း အဲ့တေဇဆိုတဲ့လူကလည်း ဘာလို့ပျို့ကိုအရင်မပြောဘယ် ဖွားဖွားကိုအရင်ပြောရတာလည်း ပျို မငြင်းနိုင်မှန်းသိလို့ သူကဒီလိုလုပ်တာ ပျိုမွန်းကြပ်တယ် ဖွားဖွားရဲ့အတ္တတွေရော မမရောင်စဥ်လည်းဘယ်လောက်မွန်းကြပ်လိုက်မလည်း သူမချစ်တဲ့လူနဲ့လက်ထပ်ထားရတယ် ပျို့အတွေးတို့မဆုံးသေး မမရောင်စဥ်အမျိုးသားက ထမင်းစားခန်းထဲဝင်လာကာ

Hello BossWhere stories live. Discover now