ပြီးတော့...တကူးတကကြီးလာခေါ်ရတာလဲမဟုတ်...

ရုံးကိုသွားရင်း အစ်ကို့ အိမ်ဝင်ခေါ်ရတာလေးကို
ပင်ပန်းတာလဲမဟုတ်ပါဘူး...

ကျွန်တော် ပြောသလိုလုပ်လိုက်ရင် အဆင်ပြေပြီ ..."

"ဟုတ်ပါပြီ...ဟုတ်ပါပြီ

Seokmin အတွက်အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ "

နောက်ဆုံးတော့လဲ နဂိုကတည်းကပင် အနေအေးသော အစ်ကို က

Seokmin ကို အရှုံးပေးလိုက်ကာ လက်ခံလိုက်ရလေသည်။

ရုံးမှာဆို အလုပ်လဲ သိပ်မရှုပ်တဲ့ Seokmin က
အားပြီဆိုတာနဲ့အစ်ကို့ ရုံးခန်းထဲသွား
စကားတွေပြော ဟိုရှုပ်ဒီရှုပ်လဲလုပ်တတ်သေးသည်။

အစ်ကို က တော်ရုံဘာမှမပြောပေမဲ့
တခါတလေကျရင်တော့ ဆူပူတတ်သည်။

" Lee Seokmin...ရေ
ဘာလာရှုပ်ပြန်တာတုန်းကွာ...

အလုပ်မရှိပြန်ဘူးလား?

Hangyeol Hyung ကိုပြောမှရတော့မယ်
အားလပ်ချိန်မရှိအောင်ကို အလုပ်‌,လုပ်ခိုင်းပါလို့..."

" ကျွန်တော် အပြင်ခဏသွားမှာမလို့
အစ်ကို ဘာမှာဦးမလဲ လာမေးတာပါ။

ခုပဲ သွားမှာ..."

သူ့ကို အဲ့လိုမျိုးပြောရလေခြင်း ဆိုတဲ့
မချိတင်ကဲ မျက်နှာနဲ့ ရန်လဲမတွေ့ရဲဘဲ
ဖြေရှင်းချက်မဟုတ်တဲ့ ဖြေရှင်းချက်ပေးသူ...

ဒီကောင်လေး ပြီးရင် မဟုတ်တာတွေတွေးပြီး
စိတ်အပင်ပန်းခံဦးမယ်။

Company မှာဆို Seokmin က အချစ်ခံလေး
ဘယ်သူ့ကိုမေးမေး မသိတဲ့သူမရှိအောင် ကို
အမြဲတမ်းဖော်ရွေပြုံးရွှင်‌နေတတ်ကာ

စိတ်ထားကနူးညံ့လွန်းပြီး တစ်ခုခုဆို သူ့မှာ
စိုးရိမ်ပူပန်နေတတ်သူ ဖြစ်သည်။

" ဘာမှ မမှာတော့ပါဘူး...
ရုံးကိုပြန်လာမှာမလား?

ရုံးဆင်းရင် ××××× သွားမလားလို့
ပြန်ခါနီးကျရင် ဖုန်းဆက်လိုက်..."

" အိုကေ 👌...

ဒါဆိုသွားပြီနော်..."

အဲဒီတော့မှ  ပြုံးရွှင်စွာဖြင့် ဖုန်းဆက်မယ် ဟူသော
Sign language လုပ်ပြကာ ထွက်သွားသော

Never AgainWhere stories live. Discover now