လက်ရှိအချိန်မှာ ည ၁၁ နာရီနီးပါးဖြစ်သည်။

​ရေအမြန်ချိုးပြီး အိမ်ရာထဲဝင်မည့် ဝိန်းရိဖန်၏စိတ်ကူး​လေးမှာ ​ပျောက်ချင်းမလှ​ပျောက်သွားခဲ့ရပြီး ထို့အစား ​တွေးပင်မ​တွေးထားမိဖူးသည့်​ကြောက်စရာ​ကောင်း​သောကိစ္စကြီးကို ​ဖြေရှင်း​နေ​လေရသည်။ ဝမ်လင်လင် အိပ်​ပျော်မ​ပျော်ကို မ​တွေး​ပေးနိုင်​တော့ဘဲ တိုက်ရိုက်ဖုန်း​​ခေါ်ဆိုလိုက်သည်။

ဆယ်ကြိမ်ခန့်မျှ ဖုန်းသံကြားရပြီး​နောက် တစ်ဖက်လူက ဖုန်းလက်ခံ​ဖြေလာသည်။

ဝမ်လင်လင်က အလှတရားအတွက်အိပ်ချိန်မှန်မှန် ခရီးစဥ်​လေးကို စတင်​နေပြီဖြစ်ရာ ဖုန်းမြည်သံ​ကြောင့်လန့်နိုးလာခဲ့ပြီး စိတ်မရှည်သည့်အသံဖြင့်

"ဘယ်သူလဲဟာ!..ရူး​နေတာလား!..သူများအိပ်ချိန်​ရောက်​နေပြီ!"

ဝိန်းရိဖန် ;

"လင်ကျဲ..ဝိန်းရိဖန်ပါ"

ဝမ်လင်လင် ;

"ကိစ္စရှိရင် မနက်ဖြန်မှ​ပြော​တော့..အစ်မ အရမ်းအိပ်ချင်​နေပြီ"

"ကျွန်မလည်း အစ်မကို မ​နှောက်ယှက်ချင်ပါဘူး..​မေးစရာရှိ​နေလို့"

ဝိန်းရိဖန်၏အသံတို့က ​လောပြာ​နေခြင်းမျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်

"အစ်မ အိမ်​သော့ကို အခြားသူကို​ပေးလိုက်​​သေးလား...အခု အိမ်ခန်းထဲမှာ အခြားသူ​ရောက်​နေလို့"

"အာ?"

ဤစကားကြားရလိုက်ခြင်း​ကြောင့်လားမသိ ဝမ်လင်လင်၏အသံက လုံးဝကြည်လင်သွားခဲ့၍

"ဘယ်သူ​ရောက်​နေတာလဲ..အစ်မ​ကောင်​လေး​တော့ မဟုတ်ဘူးမလား..မင်း အစ်မ​ကောင်​လေးနဲ့ မ​ရောနဲ့​နော်!"

"မဟုတ်ဘူး..​ရောက်​နေတာက စန်းရန်"

"ဒီလိုလား.."

ဝမ်လင်လင်က သက်သာရာရသွားပြီးမှ ရှင်းပြလာခဲ့၏။

"အို့..အစ်မ သတိရပြီ..အစ်မက အစ်မ​နေရာမှာအစားထိုး​ပေးဖို့ လူရှာ​နေခဲ့တာမလား?..အရမ်းစိတ်ထဲထည့်ပြီးစိုးရိမ်​နေခဲ့တာမလို့ အစ်မ​ကောင်​လေးနဲ့ ခဏခဏတိုင်ပင်ဖြစ်ခဲ့​သေးတယ်"

First Frost [ ဘာသာပြန် ]Where stories live. Discover now