အပိုင်း ၇

Start from the beginning
                                    

မယ်တော်ကြီး / သားရှောင်...

ရှောင်ကျန့် / မယ်တော်ကြီးကို ဂါရဝပြုပါတယ်

မယ်တော်ကြီး / ကြာကန်မှာဖြစ်ခဲ့တဲ့ ကိစ္စကို မယ်တော်အားလုံးသိပြီးပြီ
သားရှောင် မမှားမှန်းသိပေမဲ့ အခုအဲ့မိန်းကလေးအပေါ်စိတ်ရှိနေတဲ့ မင်းကြီးကိုတော့
ဘယ်လိုမှအလင်းမပြနိုင်ဘူးသား

ရှောင်ကျန့် / ရပါတယ်မယ်တော်
ကျွန်တော့်ကံပဲပေါ့ မင်းကြီးရဲ့ သဘောဆန္ဒကို
အရင်မေးမကြည့်ပဲ လက်ထပ်ဖို့ သဘောတူလိုက်မိတာပဲ

မယ်တော်ကြီး / မယ်တော့်ဘက်ကလဲ တစ်ခုခုတော့ပြန်လုပ်ပေးမှာပါ
သားရှောင်ကို မင်းကြီးနဲ့ မယ်တော်ကိုယ်တိုင် လက်ထပ်ပေးခဲ့မိတာပဲ
မယ်တော့်အပြစ်တွေလဲ မကင်းပါဘူး
ဒါကြောင့် မင်းကြီးနဲ့ လက်ထပ်မိတာကို နောင်တမရလိုက်ပါနဲ့နော်

ရှောင်ကျန့် / အဲ့လိုတခါမှနောင်တမရဖူးပါဘူးမယ်တော်

မယ်တော်ကြီးကတော့ သားရှောင်ကိုကြည့်ကာ
စိတ်မကောင်းဖြစ်နေမိတော့သည်။
ထို့ကြောင့် တောင်ပေါ်နတ်ဆရာမကြီးဆီ
နောက်တစ်ခေါက်ထပ်သွားရန်ဆုံးဖြတ်လိုက်တော့၏။

မယ်တော်ကြီးက နတ်ဆရာမဆီနောက်တစ်ကြိမ်ထပ်သွားသည့်အခါမှာတော့

ရှင်းလျန်ဟာ မိဖုရားကြီးနန်းတွင်းမှာမရှိတုန်း
ဘုရင့်ကိုယ်လုပ်တော်ဖြစ်ဖို့ ကြံပါတော့သည်။
မင်းကြီးကို ဉယျာဉ်တော်ထဲခေါ်ဆောင်ကာ
သူမရဲ့ အကအလှ အယုအယ တွေနဲ့ မင်းကြီးရဲ့စိတ်ကိုအပိုင်သိမ်းပြီး

ရှင်းလျန် / မင်းကြီး ကျွန်တော်မျိုးမလေး မင်းကြီးကိုသိပ်မြတ်နိုးတာပဲ
မင်းကြီးရဲ့ဘေးမှာပဲ အလုပ်အကျွေးပြုရင်း
မင်းကြီးနဲ့အတူ ဘဝကို
တသက်လုံးအေးအေးချမ်းချမ်းနေသွားချင်လိုက်တာ

မင်းကြီးကလဲ ချစ်ရိပ်လွှမ်းနေသည်မို့

မင်းကြီး / ဖြစ်ရမှာပေါ့ ကိုယ့်မိန်းကလေးရဲ့စိတ်တိုင်းကျပါ

ရှင်းလျန် က ဝမ်းနည်းရိပ်သန်းပြကာ

ရှင်းလျန် / ဒါမဲ့ မဖြစ်နိုင်ပါဘူးလေ မင်းကြီးက ရေမြေ့သခင်
ကျွန်တော်မျိုးမက မင်းကြီးရဲ့ အစေခံလေးပါ
မင်းကြီးက ရှင်းလျန်ကို ချစ်ခင်စုံမတ်တယ်ဆိုဦးတော့
တခြားသောသူတွေက ပြစ်တင်ရှုံ့ချကြမှာ

အဆိပျ အဆိပ်Where stories live. Discover now