Dear Jo, I swear I'll be a saint. I'll let you win in every argument.
(Laurie- Little Women 1994)
...
ကျွန်တော့်မှာ မိသားစုတစ်ခုရှိတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မလှပဘူး။ အဲ့ဒီစကားလုံးနဲ့ နီးတောင်မနီးစပ်ဘူး။
အချစ်တွေ နည်းနည်းမှ မရှိတဲ့ ခြောက်သွေ့နေတဲ့ မိသားစုတစ်ခု။
"မင်းကလေ ဘာလို့ မင်းအစ်ကိုလောက်တောင် နည်းနည်းလေးမှ မတော်ရတာလဲဟင်?
သူက ဘာလို့ စန္ဒယားကို တိုင်ပေအထိ သွားဖျော်ဖြေခွင့်ရရတာလဲ..."အမေက မလိုမုန်းထားအသံနဲ့ သူ့ဒေါသတွေကို ကျွန်တော့်အပေါ်မှာဖောက်ခွဲပစ်တယ်။ သူ့လက်ထဲကသတင်းစာကို လွှင့်ပစ်လိုက်ပြီး ခေါင်းကိုလက်နဲ့ဖိကာ ညည်းတွားနေတယ်။ အဲ့သတင်းစာထဲမှာ ဘာပါလဲသိပါတယ်။ သူ့ရဲ့ဝမ်းကွဲအစ်ကိုကို media တွေကချီးကျူးထားတာ။ အမေဟာအမြဲတမ်း သူ့အစ်ကိုရဲ့မိသားစုကို မနာလိုနေလေ့ရှိပြီး... ပြီးတော့ သူ့ရဲ့ဝမ်းကွဲအစ်ကိုနဲ့ သူ့ကို နေရာတိုင်းလိုလိုမှာ နှိုင်းယှဉ်ပြီး ဆောင်းဟွန်းကို မလုံလောက်ဘူးလို့ ခံစားရအောင်လုပ်တယ်။
"ကျွန်တော်လဲ ရေခဲပြင်စကိတ်ကို သေချာစီးခွင့်ရရင်..."
"စဉ်းတောင်မစဉ်းစားနဲ့ ပတ်ဆောင်းဟွန်း ...
မင်းက ဖျော်ဖြေရေးသမားတွေလိုမျိုး လုပ်ချင်သေးတာလား?...""ကိုကိုကျလုပ်ခွင့်ရပြီးတော့..."
"သူက မိသားစုရဲ့ အမွေဆက်ဆံခွင့်ကိုရဖို့ မင်းအဖိုးကသဘောကျနေတဲ့လူ ... မင်းကဘာလဲ? မင်းအဖိုးက အရံအနေနဲ့ထားထားတဲ့ မြေးတစ်ယောက်ပဲ မဟုတ်ဘူးလား?..."
အဲ့တော့ ဘာဖြစ်သေးလဲ...
သူကရော အီမိသားစုရဲ့ ကြွယ်ဝမှုတွေကို လိုချင်နေတယ်ထင်လို့လား? ဝေးသေးတယ်။ ကိုကိုကရော အဲ့တာတွေကို ဂရုစိုက်မယ်ထင်နေလို့လား?
ကိုကိုက တိုင်ပေကပြန်လာတဲ့နေ့မှာ သူ့အတွက် ချော့ကလက်တစ်ဘူးယူလာခဲ့တယ်။ ဘူးကကြီးလွန်းလို့ သူအများကြီးပျော်နေခဲ့တာမှတ်မိတယ်။
ကိုကို့ရဲ့အိပ်ယာပေါ်မှာ အတူတူထိုင်နေရင်း ကိုကိုကသူ့ကို တိုင်ပေကကိစ္စတွေပြောပြတယ်။ လူတွေရဲ့ လက်ခုပ်သံကို ပြောပြတယ်။ သူ့ကိုယ်ပေါ်မှာ အခုထိတောင် ကြက်သီးတွေထနေသေးသတဲ့။
YOU ARE READING
𝟭𝟰𝟯𝟳
FanfictionI will always honestly, truly, completely... (Inspired by a fiction which stucks on my mind for the whole decade)