Part7

488 21 2
                                    

Uni

"နာနေသေးလား"

"နည်းနည်းနာတယ်"

မင်းရိုင်း ကိုက်တုန်းကိုက်ပြီး အခုမှ စိတ်မကောင်းဖြစ်မိသည်။ဆေးကို သေချာလိမ်းပေးပေမယ့် လည်ပင်းကကိုက်ရာလေးကယောင်လာသည်။

"ရပါတယ် အစ်ကိုရဲ့ မြို့သွားအုန်းမယ်ဆို"

"ဟုတ်တယ် လင်းငယ်နေခဲ့မလား"

"အစ်ကိုကလည်း ဖြစ်တာကလည်ပင်းလေ...လိုက်ခဲ့မယ်နော်"

"လင်းငယ်သဘောပါ"

မင်းရိုင်း လည်ပင်းလေးကိုဆေးသေချာလိမ်းပေးလိုက်သည်။ပြီးမှ ဗီရိုထဲက အဝတ်တွေသွားထုတ်လိုက်သည်။လင်းငယ်အတွက် အပေါ်ဝတ်လေးပါထုတ်လိုက်သည်။

"လင်းငယ် ဒါလေးအပေါ်ကထပ်ဝတ်ခဲ့"

"ဟုတ် အစ်ကို"

လင်းငယ်လဲ အစ်ကိုပေးတဲ့အတိုင်းယူဝတ်လိုက်သည်။

"သွားကြစို့"

မင်းရိုင်း ဆိုင်ကယ်ဦးထုပ်လေးပါယူကာ လင်းငယ်ကို သေချာဆောင်းပေးလိုက်သည်။ပြီးမှ နှစ်ယောက်အတူ ရွာထဲကထွက်ပြီး အနီးနားကမြို့ပေါ်တက်ရတော့သည်။

ဝယ်စရာကတော့ အိမ်အတွက်လိုတာလေး‌တွေရယ် အရီးချိုမှာလိုက်တာလေးတွေရယ်ပဲဖြစ်သည်။နှစ်ယောက်သားဆိုင်ကယ်နဲ့သွားတာမို့ ခရီးတော့မြန်သည်။မနက်ကတည်းကသွားတာမို့ နေ့လယ်လောက်ရောက်လာသည်။

"လင်းငယ် ဗိုက်ဆာပြီလား"

"ဟုတ်အစ်ကို ဗိုက်ဆာတယ်"

မင်းရိုင်း စားသောင်ဆိုင်တစ်ခုမှာရပ်လိုက်ပြီးအထုတ်တွေယူကာ ဆိုင်ထဲအတူဝင်လိုက်သည်။

"လင်းငယ် ဘာစားချင်လဲ"

"အစ်ကိုမှာပေး"

"ဟုတ်ပြီ"

မင်းရိုင်း စားပွဲထိုးကလေးကိုခေါ်လိုက်သည်။

"ပုစွန်ဆီပြန်ဟင်းနဲ့ငါးပိရည်ကျို အတို့မြှုပ်ချမယ် ပြီးရင် ပြီးရင် ကြက်ချဉ်စပ်တစ်ပွဲ သံပုရာရည်တစ်ခွက်အရင်လာချပေးနော်"

"ဟုတ်ကဲ့ အစ်ကို"

စားပွဲထိုးကသေချာမှတ်ကာ ထွက်သွားသည် ။

အလင်းငယ်မို့ပိုမြတ်နိုးရသည်။Where stories live. Discover now