Part4

224 19 0
                                    

Unicode

အလင်းငယ် နိုးလာတော့ အစ်ကိုက ဘေးမှာမရှိပါ။ညကလဲ အလင်းငယ်ဘယ်လိုအိပ်ပျော်သွားသလဲ မမှတ်မိပါ။
အစ်ကို့ကို စောင့်နေတာပဲမှတ်မိတော့သည်။

"အစ်ကိုရေ"

အိပ်ရာထပ် ငုတ်တုတ်ထိုင်လိုက်တာတောင် မျက်လုံးတွေကလေးနေသည်။ထိုအချိန်နှာခေါင်းထဲကို ငါးကြော်နံ့မွှေးမွှေးလေးက ရလာသည်။လတ်လတ်ဆတ်ဆတ်ကြော်နေတဲ့အနံ့လေး။

"အစ်ကို ကြော်နေတာထင်တယ်"

အတွေးနဲ့အတူ‌အလင်းငယ် အိပ်ရာပေါ်ကဆင်းကာအောက်ထပ်ကိုဆင်းလိုက်သည်။မီးဖိုခန်းဆီသွားကြည့်လိုက်လျှင် အစ်ကိုကနောက်ကျောပေးထားကာ တရှဲရှဲနဲ့ ငါးကြော်နေသည်။

စောနိုးနေတာကို လင်းငယ်ကိုကျ အစ်ကိုကမနှိုးဘူး။

"အစ်ကိုက လင်းငယ်ကိုကျ မနှိုးဘူး"

စူအောင့်အောင့်နဲ့ပြောသံလေးကြောင့် မင်းရိုင်းလှည့်ကြည့်ရသေးသည်။အခုမှအိပ်ရာထတဲ့ကောင်လေးက သူ့ဆီလျောက်လာတာကြောင့် ဟင်းအိုးက ဆီပူလှမ်းစင်မှာစိုး၍သတိပေးရသေးသည်။

"လင်းငယ် မျက်နှာအရင်သွားသစ်လိုက်!ငါးကြော်တာ ဆီပူစင်မယ်"

အလင်းငယ် ခြေလှမ်းလေးတွေတွန့်သွားရသည် ။အစ်ကိုဆီသွားမလို့ဟာကို ဟွန်း။

"လင်းငယ်"

အသံတိတ်သွားကာ ငြိမ်သွားသူကြောင့်
ငါးကြော်ရင်း လှည့်မကြည့်ပဲ မင်းရိုင်း သူ့ခင်ပွန်းလေးနာမည်ခေါ်ရပြန်သည်။ထိုအခါ စူအောင့်အောင့်လေးပြန်ဖြေလာသည့်လင်းငယ်

"ဟုတ်"

"နောက်က ရေချိုးခန်းမှာ ရေဖြည့်ပေးထားတယ် အဲ့မှာသွားသစ်လိုက်"

"ဟုတ် အစ်ကို"

လင်းငယ်လဲ မျက်နှာသစ် သွားတိုက်ကာ မီးဖိုခန်းဆီ ပြန်လှည့်လာလိုက်သည်။အစ်ကိုက ငါးကြော်ပြီးသွားပုံပေါ်ကာ ထမင်းစားပွဲမှာ ချနေလေသည်။

"လင်းငယ် ဘာကူပေးရအုန်းမလဲ အစ်ကို"

"ဒီမှာ ထမင်းဆီစမ်းနဲ့ငါးကြော် အစ်ကိုကြော်ပေးထားတယ် ဘာစားချင်သေးလဲ"

အလင်းငယ်မို့ပိုမြတ်နိုးရသည်။Where stories live. Discover now