သူဌေးကြီး ဦးမိုးဒေဝါ စားပြီ

Start from the beginning
                                    

"၉နာရီပါခင်ဗျ"

အခြေအနေနှင့် အချိန်အခါကို မသိသည့်သူများစာရင်းတွင် စက်ရဲ့ Daddyက တစ် ပြေးလိမ့်မည်။
အခုပဲကြည့်လေ။ သောက်လာတာကို ပုံစံကြည့်ရုံဖြင့် သိသာနေသည့် သားဖြစ်သူ၏ အနေအထားကို မြင်နေလျက်ဖြင့် အချိန်အခါမသိ မေးခွန်းတွေနှင့် တရားဟောတော့မည့်ပုံ။

"အေး သိရဲ့သားနဲ့ ဘာလဲ မင်းက ငါ့ကို မခန့်တာလား။ ငါ့အုပ်ထိန်းမှု မလိုတော့ဘူး အဲ့လိုလား။"

ပို၍ ခေါင်းကြီးစေမည့် အမေးတွေက စက်ကို ရှိန်းတိန်းဖိန်းတိန်းဖြစ်စေပြီ။

"ဟာ! Daddy! ကြီးသွားပြီ ပုဒ်မက
တစ်နာရီလောက် နောက်ကျမိတာပါ။အဲ့လောက် စွဲချက် မကြီးနဲ့လေဗျာ"

Daddyစိတ်ပြေလိုပြေငြား
ထိန်းပြောနေသည့် လေသံသည် ချက်ချင်း မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာသည်။
သွေးဆူလွယ်နေသည့်အချိန်တွင်မို့ စက် ပြန်ပြောသည့်စကားလုံးတို့ အချိုးမပြေတော့တာကို ကိုယ်တိုင်သိပေမယ့် မရပ်တန့်နိုင်။ အရည်က ဝင်ထားပြီးပြီကိုး။

"‌ေ-ာက်ခွက် ပြောင်နေတာ အခု ရပ်စမ်း! ဘယ်ကိုလာပြီး ဒီလေသံ၊ ဒီမျက်နှာပေးလဲ ပြင်ထား အဲ့အခွက်! အဲ့အချိုးကို!"

"ဟုတ်....ကဲ့"

ဟိန်းထွက်လာသည့် အသံတွင် ဒေါသအများအပြား ခြံရံလာပြီမို့ စက် ခေါင်းငုံလိုက်ရတော့သည်။
Daddy ဒေါသကို သူ သိပ်ကြောက်ရသည်ပဲ။

"မင်း သောက်ချိုးကို မပြေဘူး"

"ဟုတ်"

"ဘာ!!!"

ဘာပြောပြော ဟုတ် လိုက်တော့မည်ဟု ရည်ရွယ်ထားသည်မို့ ယောင်ကာ ဟုတ်လိုက်မိတာ မဟာအမှား။

"အဲ..မဟုတ်.အား!!.မဟုတ်လို့ ပြောတာပါ စိတ်ကြီးပဲ နာလိုက်တာ ဟင့်"

ဘေးနားရှိတဲ့ ရေသန့်ဗူးနဲ့ ကောက်ပေါက်လိုက်သည်မှာ မျက်လုံးထဲ ရိပ်ခနဲသာ မြင်လိုက်ရသည်။
ရှောင်လိုက်လျှင် Daddyက ပိုဒေါသ ထွက်မှာ သေချာသည်မို့ မရှောင်ဘဲ ခံလိုက်တော့လက်မောင်းတစ်ဖက်ဆီ ပူခနဲ။

"Daddy ကလည်းဗျာ..."

နောက်ဆုံးလက်နက်သည် သူ့အရွယ်နှင့်မလိုက်မဖက် ချွဲရန်သာ ဖြစ်သည်။
သနားစဖွယ်အသံလေးဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ခေါ်လိုက်တော့ စိုက်ကြည့်နေသည်။

SpringWhere stories live. Discover now