"တောင်းပန်ပါတယ်ရှင် ကျွန်မသားလေးက ငယ်သေးတော့ တစ်ခုခုဆို အရမ်းငိုတတ်တာ"

ထိုချိန် သူစိမ်းတစ်ဦးဝင်ပြောလိုက်သည်။

"ဒီမှာဗျ နှေင့်ယှက်တယ်လို့တော့ မထင်ပါနဲ့ သူခုနက သူ့အကို ကို ဖမ်းသွားတယ်လို့ အော်ငိုနေတာလေ ခင်ဗျားတို့ အဲ့ကိစ္စကို ဂရုမစိုက်ဘူးလား"

သူ့အဖေဝင်‌ပြောလေတော့သည်

"အဲ့တာက ကျွန်တော်တို့ သားလေးက အရမ်းစိတ်ကူးယဉ်ဆန်တတ်တာ မနေ့က ဇာတ်ကားကြည့်ပြီး ဒီလို ပြောနေတာပါဗျာ"

"မဟုတ်ဘူး အဖေ သူ့ကို ခေါ်သွားကြပြီလို့!"

"တွေ့တယ်မလား အဟဲဟဲ'"

ထိုအချိန် မသက်ာ‌သဖြင့် တခြား သူစိမ်းတစ်ယောက်ဝင်ပြောလေတော့သည်။

"မဟုတ်လောက်ဘူးထင်ပါတယ် ကလေးက ဒီလို ငိုနေပုံထောက်‌ရင်တော့"

"ကျွန်မယောက်ျားပြောပြီး‌ပြီလေးရှင် ကလေးက ဒီတိုင်း ဇာတ်ကားကြည့်တာတွေ များပြီး အရင်နှစ်က ကားတိုက်မှုမှာ ကျွန်မတို့ အကြီးဆုံးသားလေးပါသွားတာမလို့ပါ တစ်ခါတစ်ခါဆို အဲ့လိုမျိုး အကျယ်ကြီး အော်ငိုနေတတ်တာ စိတ်မရှိပါနဲ့ရှင့်"

"အဲ့ဆိုလည်း ခွင့်ပြုပါဦးဗျ"

"ဟုတ်ပါပြီရှင်"

*တော်သေးတာပေါ့ အဲ့လိုသာ ဆွဲခေါ်သွားမခံရရင် ဒင်းက ငါတို့ အိမ်မှာ ကပ်နေဦးမှာ*

သူ့အမေစိတ်ထဲ ကြိမ်ဆဲနေမိသည်။

ထို့နောက် စပ်စုချင်သူများ တစတစ နည်းပါးလာသည်။ပြီးနောက် မိဘနှစ်ဦးမှာ ထိန်လင်းအား ဆွဲခေါ်ကာ ကားမောင်၍ ထွက်သွားကြလေတော့သည်။ထိုမြင်ကွင်းတစ်ခုလုံးကို ချောင်ထောင့်တစ်နေရာမှ ကောင်လေးတစ်ယောက်အား ဖမ်းဆီးထားကာ ကြည့်ခိုင်းကြလေသည်။ထိုကောင်လေးတွင်တော့ မျက်ရည်များဖြင့်သာ။

TIME SKIP>>>>>

ကောင်လေးအား မမြင်ရအောင် မျက်လုံးအား အဝတ်မည်းကြီးဖြင့် ပိတ်စည်းကာ ခေါ်ဆောင်လာတော့သည်။ခုနက စကားပြောခဲ့သည့် ဟောခန်းလို အခန်းကြီး၏ အလယ်တွင် မိန့်မိန့်ကြီး ထိုင်နေသည့် လူတစ်ယောက်ရှေ့သို့ ကောင်လေးအား ထိုးကျွေးလိုက်လေတော့သည်။

My Daddy Kidnapped Me~(On Going)Where stories live. Discover now