💜18💜Final

5.4K 342 383
                                    

ထယ်ယောင်းနဲ့ဂျောင်ကုနှစ်ယောက်သား
ဖိလစ်ပိုင်ကိုအပျော်ခရီးထွက်ဖို့အတွက်ပြင်ဆင်ထုပ်ထည့်ကြရာဂျောင်ကုကသူ့ရဲ့အလှအပပစ္စည်းတွေနဲ့နို့ဘူးကိုသာ
အဓိကထည့်လေရဲ့~

"နို့မှုန့်ဘူးကထားခဲ့တော့ပိစိ ဟိုရောက်မှဝယ်လဲရတယ်~"

"လေယာဥ်ပေါ်မှာသောက်ဖို့ကျတော့ရော~"

"နို့ဘူးထဲကိုထည့်ခဲ့လိုက် သောက်ချင်တဲ့အခါမှဖျော်ခိုင်းရင်ရတယ်~"

"ပြီးရော နို့ဘူးနှစ်ဘူးလုံးနဲ့ထည့်ခဲ့မှာ~"

"သဘော ကြိုက်သလိုလုပ်~ဒါဘေမဲ့အစစ်ဆေးတော့ခံရလိမ့်မယ်~"

ကိုယ်ပိုင်လေယာဥ်တော့ရှိဘေမဲ့ ခနခနမသွားဖြစ်တဲ့
ဖိလစ်ပိုင်လေကြောင်းလိုင်းကိုကမဝယ်ထားတာမို့အများသုံးလေယာဥ်နဲ့သာသွားရမှာကြောင့်ယူချင်တာယူသွားလို့မရ~

"ပိစိ ဘောင်းဘီကလဲလိုက်ဦး အတိုလေးနဲ့အေးနေမယ်~"

"အဲ့တာဆို ဘယ်ဟာဝတ်ရမှာလဲ~"

"ဟိုအရှည်လေးဟာဝတ်လေ~"

"အစ်ကိုလေး ဧည့်သည်ရောက်နေပါတယ်~"

"ဘယ်သူလဲ ချိန်းထားတာလဲမရှိပါဘူး
ပိစိနေခဲ့ဦးနော် ကိုကိုသွားလိုက်ဦးမယ်~"

"ဟုတ်~"

ပြောပြီးတာနဲ့ထထွက်သွားတဲ့ထယ်ယောင်းက
တော်ရုံနဲ့ပြန်မရောက်လာတာမို့ဂျောင်ကုလိုက်သွားရာ
အရင်တစ်ခါကသူတွေ့ဖူးတဲ့ကောင်ငယ်လေးက
ထယ်ယောင်းရင်ခွင်ထဲမှာမို့ဂျောင်ကုစိတ်တိုကာ
မျက်နှာတစ်ခုလုံးနီရဲလာရော~

"ကိုကို!"

"ဟာ ပိစိ လာလေ~"

"မင်းကဘယ်သူလဲဖယ်စမ်း ဒါငါ့ကိုကို~"

"အား!..ဘယ်သူ ဟမ် ဂျောင်ကုမို့လား~"

သူများကိုဂုတ်ကနေဆွဲဖယ်လိုက်ကာ
ထယ်ယောင်းရင်ခွင်ထဲဝင်နေလိုက်တဲ့ဂျောင်ကုက
ပေါက်ကွဲခါနီးချိန်ကိုက်ဗုံးလို~

"သူကကိုကို့ရဲ့တူလေးပါပိစိရဲ့ ပိစိတစ်ခါမြင်ဖူးတယ်လေ~"

"ဘာတူလဲ ကိုကိုရဲ့မောင်နှမဆိုလို့kookieတစ်ယောက်တည်းရှိတာလေ~"

My little star{Complete}حيث تعيش القصص. اكتشف الآن