💜2💜

4.3K 424 179
                                    

ပထမဆုံးအလုပ်ပြန်သွားမယ့်နေ့မှာ
ထယ်ယောင်းတစ်ယောက် မနက်9နာရီဂျောင်ပိစိနိုးမှ
အိပ်ယာထဲကဖလူးဖလဲထပြီးရေမိုးချိုးရလေရဲ့~

"မနက်စာအဆင်သင့်ဖြစ်နေပါပြီအစ်ကိုလေး~"

"အေအေ ဆင်းလာခဲ့မယ်~"

"ကိုကို ကြယ်သီးတပ်ပေးဦး~"

"ဟာ မင်းကတစ်မျိုးရှုပ်လိုက်တာ~"

မဝတ်တာကြာပြီဖြစ်တဲ့အလုပ်သွားsuitကိုထယ်ယောင်းဝတ်နေချိန်ကျောင်းဝတ်စုံဝတ်နေတဲ့ဂျောင်ပိစိကလဲ
ကြယ်သီးမတပ်တတ်လို့အလုပ်ရှုပ်ပြီ~

"ရပြီသွားတော့မနက်စာသွားစားနင့်~"

"ကိုကိုရော~"

"လာခဲ့မယ် သွားနင့်~"

အခန်းထဲကနေအရင်ထွက်နင့်သွားတဲ့ဂျောင်ပိစိက
လှေခါးထစ်ကိုဒီတိုင်းမဆင်းရဲလို့ထိုင်ပြီးတစ်ထစ်ချင်းဆင်းနေချိန်ထယ်ယောင်းကရောက်လာပြီမို့စိတ်မရှည်စွာပွေ့ပြီးအောက်ထပ်အမြန်ဆင်းရပြီ~

"နောက်ကျနေပြီဒုက္ခပါဘဲ~"

"မနက်စာလေးတော့စားသွားပါဦးအစ်ကိုလေး~"

"ငါကမစားလဲဖြစ်ဘေမဲ့ ဟိုကောင်ကမရဘူးလေ
စားရမှာပေါ့~"

အလုပ်နောက်ကျနေပြီမို့ထယ်ယောင်းမှာ
မနက်စာကိုမြန်မြန်စားလိုက်ဘေမဲ့ဂျောင်ပိစိကတော့
နှေးတိနှေးကွေးနဲ့အေးအေးဆေးဆေးစားနေတာ~

"ပိစိ မြန်မြန်စားတော့ ငါအလုပ်နောက်ကျနေပြီ~"

"မြန်မြန်စားရင်နင်သွားမှာပေါ့~"

"ဟာကွာ အဲ့တာဆိုကားပေါ်မှာစားလိုက်တော့~"

လူကိုရောမနက်စာပန်းကန်ပြားကိုပါပွေ့ပြီး
ကားပေါ်တင်ကာအိမ်ကနေစတင်ထွက်တော့
ဂျောင်ပိစိကိုဘယ်ကျောင်းပို့ရမလဲမသိသေးလို့
သူ့အဖေကိုဖုန်းဆက်မေးရသေး~

"ရောက်ပြီ ဟူးး ဝင်သွားလိုက်တော့~"

"ကိုကိုလိုက်ပို့လေ~"

"ဟာ အလုပ်ရှုပ်လိုက်တာ နောက်ကျနေပါပြီဆို~"

ပါးစပ်ကနေ ပူညံပူညံပြောရင်း
ကားပေါ်ကဆင်းကျောင်းထဲသွားပို့တော့
မိဘတွေကိုယ်တိုင်လာပို့တဲ့တစ်ခြားကလေးတွေကို
ဂျောင်ပိစိကမျက်နှာငယ်လေးနဲ့ကြည့်လို့~

My little star{Complete}Donde viven las historias. Descúbrelo ahora