Hong Jisoo တဲ့လား?
သူ့ထက် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
" အစ်ကို "ဟုသာ ခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်မိသည်။

အစည်းအဝေးတစ်လျှောက်လုံး သူ့ မှာ အစ်ကို့ အား
ငေးရင်းသာ အချိန်ကုန်လို့ကုန်မှန်းပင်မသိလိုက်။

ယခုချိန် သူ့ အားအစည်းအဝေးမှာ ဘာတွေထူးလဲဟု
လာမေးလျှင် သူ ဘာမှဖြေနိုင်မည်မဟုတ်...
အစ်ကို့ အပြုံးတွေက အေးချမ်းတယ် ဟုသာ
ပြန်ဖြေဖြစ်လောက်သည်။

ပထမဆုံးတွေ့တဲ့နေ့ကတည်းကစ
ကျွန်တော် အစ်ကို့ ကို အဲဒီလောက်ထိရူးသွပ်ခဲ့ပါတယ်🫠

အစည်းအဝေးပြီးတာနဲ့ မပြန်နဲ့ဦး ဟုကြိုတင်ပြောထားသောကြောင့် နေရာတွင်ပင်ထိုင်ကာ သူ မပြန်ဖြစ်သေး။

မျက်စိရှေ့တွင်ရှိနေသော အစ်ကို့ ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းအား လိုက်ကြည့်နေမိသည်မှာ
တခြားသူမြင်ပါက မေးငေါ့အတင်းအဖျင်းဆိုလိုက်ကြမယ့်ဖြစ်ခြင်း....
အစ်ကို မြင်သွားရင်လဲ အထင်လွဲသွားနိုင်တယ် ဟုတွေးမိကာ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းချုပ်ရသည်။

စဉ်းစားကြည့်မိမှ အစ်ကို က ရှေ့နေ ဆိုတော့
သူ နဲ့ ဘယ်လိုမှ အဆက်အစပ်သိပ်မရှိ...
အစ်ကို သုံး တဲ့ ကွန်ပျူတာတွေ ပျက်ပါစေ...
Virus တွေဝင်ပါစေ ဟုသာ ဆုတောင်းရမည့်ပုံပင်🥲

မထင်မှတ်ပဲ သူ နှင့် အစ်ကို့ အား
Hangyeol Hyung က မိတ်ဆက်ပေးတော့
အစ်ကို နှင့် ရင်းနှီးဖို့ အခွင့်အရေးပေးသောကံကြမ္မာအား အထူးပင် သူ ကျေးဇူးတင်မိလေသည်။

" Shua ...
သူ က Lee Seokmin တဲ့ Engineering Team က

မင်း လိုအပ်တာရှိရင် သူ့ ကိုပြောလို့ရတယ်
ကိုယ် နဲ့ က ငယ်ငယ်ကတည်းက ခင်လာတာဆိုတော့
ညီအစ်ကို တွေလိုပဲ...

Shua က Korea ကို သွားလိုက်/ပြန်လိုက် နဲ့ပဲရောက်ဖူးတာဆိုတော့
Seokminnie က ကူညီပေးပါဦး "

⚔️" ဟုတ်ကဲ့...Lee Seokmin ပါ....
တွေ့ရတာဝမ်းသာပါတယ်
လိုအပ်တာရှိရင်အချိန်မ‌ရွေးပြောပါ "

🦌" Hong Jisoo ပါ။ Biblical name က Joshua မို့
Shua Hyung လို့ ခေါ်လဲရပါတယ်
ရှေ့လျှောက်အကူအညီတောင်းပါတယ် "

Never AgainWhere stories live. Discover now