ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

နေရာမရှိတော့မည်ဖြစ်သဖြင့် ရေချိုးခန်းဆီသို့လည်း သွားစရာမလိုတော့ပေ။ ကဖေးဆီသို့ သွားရန်လည်း အချိန်ကြာမည်ဟု ထင်ရသည်။ ကျောင်းသားများက စိတ်ညစ်ဟန်ဖြင့် မတ်တတ်ရပ်လိုက်ကြပြီး အပြင်သို့ထွက်ရန်ပြင်လိုက်ကြသည်။ ကျန့်ချွယ်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"မသွားနဲ့...အကိုကျောင်းက ဒီနေ့ နေ့လည်စာကို တာဝန်ယူတယ်..."

သူက သူ့ဖုန်းကိုလက်ကလေးဖြင့် လှုပ်ပြပြီးပြောလိုက်သည်။

"မှာတာက မှာပြီးသွားပြီ...မင်းတို့အကြိုက် ကျောင်း‌ရှေ့ဆိုင်က..."

အခန်း၇ကျောင်းသားများက ထိုဆိုင်ကို ညစာသွားစားလေ့ရှိသည်။ ထိုစားသောက်ဆိုင်က စားပွဲတစ်ပွဲတည်းဆိုလျှင် ပို့မပေးဘဲ စားပွဲအများနှင့်မှပင် ပို့ပေးသည်။ ထို့ကြောင့် ထိုဆိုင်တွင်စားချင်လျှင် ကျောင်းပိတ်ရက်အထိစောင့်ရသည်။

ယင်းကျောင်းက ထိုင်ခုံနောက်ကျောကို လက်တစ်ဖက်တင်လိုက်ပြီး ပြုံးပြပြီး ပြောလိုက်၏။

"ဆောရီးပဲကွာ...အကုန်လုံးရဲ့အချိန်ကို ဖြုန်းသလိုဖြစ်သွားတယ်..."

ကျောင်းသားများက စိတ်အဆင်မပြေကြသေးသော်လည်း ထိုစကားကိုကြားရသောအခါ အနည်းငယ် ပျော်ရွှင်သောပုံပေါက်သွားကြသည်။

ကဖေးမှ အစားအစာများက အသင့်စားများဖြစ်သဖြင့် မည်သူမှ သိပ်မစားချင်ပေ။

ရေချိုးခန်းသို့ သွားမည့်ကောင်လေးအချို့က သွားရန်စိတ်မရှိကြတော့သဖြင့် သူတို့၏ပစ္စည်းများကို ပျော်ရွှင်စွာပြန်ချလိုက်ကြသည်။

ရေချိုးခန်းသို့သွားမည့်အစား တနင်္ဂနွေနေ့အထိ မစောင့်ဘဲ စားမြိန်ပွဲများကို စားချင်ကြသည်။

ယခုထိုစားသောက်ဆိုင်မှ စားပွဲများကို ဝယ်ကျွေးမည့်သူရှိနေပြီဖြစ်သည့်အတွက် သူတို့ဘာကြောင့်အပြင်သွားသင့်သနည်း။

"ဟမ်...ဘယ်မှာလဲ...အကိုကျောင်းပြောတာ ဘယ်မှာလဲ..."

"အကိုကျောင်း ထွက်ယူစရာမလိုဘူး...ဟင်းပွဲတွေရောက်လာရင် ကျွန်တော်တို့သွားယူပေးမယ်..."

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now