ခေါက်ပြီးပြန်တော့လည်း သူ့ခေါင်းလေးကို ပွတ်ပြီး ငိုမဲ့မဲ့နဲ့ ပြန်ကျက်နေရှာတဲ့ ဂျောင်ကုကိုကြည့်ပြီး စိတ်ကမကောင်းပြန်။သုံးတန်းကလေးတွေ တောင် ပိုင်နိုင်အောင်ရနေပြီဖြစ်တဲ့ ဒီအလီလေးကို သူ့ခဗျာ ကျက်နေရရှာတာ အချိန်ကတစ်ပတ်မကတော့။
ဆော့ဂျင် ဆိုလ်းမှ ပြန်ရောက်၍ တစ်ရက်နှစ်ရက် နေပြီးကတည်းက ဂျွန်အိမ်မှာ ညစာ စားပြီးတိုင်း ဂျောင်ကုကို စာသင်ပေးဖြစ်သည်။ကြီးကြီးမားမား ကျောင်းစာလိုအရာမျိုးတော့ သင်ပေးဖြစ်တာမဟုတ်ပေမယ့် သချာ်နှင့်ပတ်သတ်သည့် ပေါင်း၊နုတ်၊မြောက်၊စား လောက် တော့ ပိုင်နိုင်သွားအောင် သင်ရအုံးမည်။
"နာသွားလား..."
သူ့အမေးကို ဖြေလည်းမဖြေ..။စောနက ခေါက်လိုက်သည့် ခေါင်းကိုသာ ပွတ်နေသည့် ဂျောင်ကုကြောင့် ဆော့ဂျင် ဂျောင်ကုနားတိုးထိုင်လိုက်ရင်း ပွတ်ချေနေသော ခေါင်းလေးကို သူ့လက်ဖြင့် ဖွဖွလေးပွတ်ပေးလိုက်သည်။
"စာကို သေချာအာရုံစိုက်ပြီး လုပ်စမ်းပါ ဂျောင်ကုရယ်..စောနက ကျွန်တော်နဲနဲဒေါသထွက်သွားတယ်..ခေါင်းကိုခေါက်မိသွားတာ တောင်းပန်ပါတယ်နော်"
"ရပါတယ်...ကျွန်တော်က ကို မကောင်းတာ..ကျွန်တော်စာမကျက်နိုင်ဘူးရယ်..ဆရာလေး အနားမှာရှိနေလို့ ဖြစ်မယ်..ကျွန်တော့် ဒီဘက်နားက အရမ်းခုန်နေတယ်
ဘုရားရေ...ချစ်စရာကောင်လိုက်တာ။သူ့ဘယ်ဘက်ရင်အုံဆီထိုးပြကာ ဖြူစင်စွာ ပြောလာသည့် ဂျောင်ကုကိုကြည့်ပြီး ဆော့ဂျင်သဘောတကျပင် ပြုံးမိပါသည်။
သည်ကောင်လေးမှာ သည်လို နူးညံ့တဲ့အပြောအဆိုနဲ့၊အမူအရာတွေက ရှိသေးတာပဲလား။"မပြုံးပါနဲ့...ဆရာလေး"
"ဘာဖြစ်လို့လဲ"
"ပြုံးရင် သိပ်လှလွန်းလို့၊မြင်ရတဲ့ ကျွန်တော် ရူးသွားလိ့မ်မယ်"
"အို..."
သူတို့ ထိုင်နေရာ ကွပ်ပျစ်ဆီသို့လရောင် က ဖြာကျလျက်ရှိ၍ ရွာမှာစိုက်လေ့ရှိသည့် ညမွှေးပန်း ရနံ့အီအီီက လေသင့်ရာမွှေးနေသည်။
When we feel love(Part-18)
Start from the beginning