Dancing with Demon Twins - 1

3.1K 145 4
                                    


သတိပေးချက်- Character Intro ကို သေချာဖတ်ပေးကြပါရှင့်။ နာမည်တွေနဲ့ လူတွေနဲ့ တွဲမိပြီ ...မရောတော့ဘူးဆိုရင် ဒီခရီးကို အတူတူသွားကြတာပေါ့🌼။

✨✨✨

"တောက်ခ်"

Ian Jey(အီရန်ဂျေး) ဆီကနေ ထွက်ပေါ်လာတဲ့ တောက်ခတ်သံ ခပ်ပြင်းပြင်း။ လက်သီးနှစ်ဖက်ကို ခပ်ကျစ်ကျစ်ဆုပ်ထားပြီး အံခပ်တင်းတင်းကြိတ်ထားပုံက နဂိုရှိရင်းစွဲ ထင်းနေသောမေးရိုးအကျကို ပိုထင်းစေသည်။ ခပ်လှမ်းလှမ်းတနေရာကို စူးစိုက်ကြည့်နေပုံက Ian Jey သာ နဂါးတစ်ကောင်ဆို ပြာကျလောက်မည်။

"ဟေ့ရောင် ပြဿနာမရှာနဲ့ဦးနော် Jey  မင်းရှာချင်ရင် နောက်နေ့မှရှာ"

Louis က Ian Jey ရဲ့ ပခုံးကို လက်ဖြင့်ပုတ်ရင်း သတိပေးသည်။ Ian Jey စိုက်ကြည့်နေတဲ့နေရာကို အကြည့်တစ်ချက်ရောက်မိချိန် Louis(လူးဝစ်စ်) ကိုယ်တိုင်တောင် ပြဿနာရှာချင်စိတ် ပေါက်လာ၏။

ကိုးရီးယားလူမျိုး အမြွှာနှစ်ကောင် ရောက်လာတဲ့အချိန်ကစပြီး Ian Jey တို့အဖွဲ့ဟာ ကားပြိုင်ပွဲတော်တော်များများကို ပြိုင်ခွင့်မရတော့။

ပြိုင်ကား ဖင်ကြားညှပ်ကာ လျှောက်သွားခဲ့သမျှ၊ ကားပြိုင်ပွဲတိုင်း Ian Jey တို့ ခြေရာတွေ ထပ်ခဲ့သမျှက အဲ့ဒီနှစ်ကောင်ရောက်လာချိန်ကစ ရာဇဝင်ရိုင်းသွားသည်။

မျက်နှာပေါ် တက်တူးတက်ထိုးထားတဲ့ ရုပ်ဆိုးဆိုးအမြွှာနှစ်ကောင်ပြိုင်တဲ့ ကားပြိုင်ပွဲတိုင်း Ian Jey တို့ ပြိုင်ဖို့ အခွင့်မရ။ ကားပြိုင်ကွင်းထဲမရောက်ခင်ကအထိ အရာအားလုံးကောင်းနေခဲ့သော ပြိုင်ကားတွေသည် မပြိုင်ခင်အချိန်ခဏလေးမှာ ဘီးပေါက်တာ ဘီးလေလျော့နေတာမျိုး ဖြစ်တော့သည်။

ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ်ထိ သတိမထားမိခဲ့သေးပါ။ စတုတ္ထအကြိမ်မှသာ Ian Jey တို့ သတိပြုမိလာခြင်း။ အထူးသဖြင့် ကားပြိုင်ပွဲပြီးလို့ အမြွှာနှစ်ကောင်နိုင်သွားတိုင်း Ian Jey ဘက် ကြည့်ကာ ထေ့ပြုံး ပြုံးပြတတ်သည်။ အမေရိကန်သားဖြစ်နေလည်း ငါတို့က ဂရုမစိုက်ဘူး ဆိုတဲ့ အပြုံးမျိုး၊ မင်း ငယ်ပါသေးတယ် ဆိုတဲ့ အပြုံးမျိုးပင်။

DaNcInG with DeMoN TwInSWhere stories live. Discover now