9

204 16 4
                                    

ထိုနေ့ရဲ့အလည်ရောက်သည်တိုင်အောင် ထိုရေချိုးခန်းအပြင်ဘက်နံရံတွင် မှီကာ ထိုင်စောင့်ရှာသောကောင်လေးသည် အိပ်ပျော်သည်အထိကိုပင် စောင့်ဆိုင်းလျက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုနေ့ရဲ့အလည်ရောက်သည်တိုင်အောင် ထိုရေချိုးခန်းအပြင်ဘက်နံရံတွင် မှီကာ ထိုင်စောင့်ရှာသောကောင်လေးသည် အိပ်ပျော်သည်အထိကိုပင် စောင့်ဆိုင်းလျက်.....
ရုတ်တရက် လှုပ်ရှားသောလေဟာနယ်တစ်ခုကြောင့် သူက မျက်လုံးများကိုဖွင့်တော့ လာရောက်ထိပါးတော့မည့် လက်ချောင်းများကြောင့် လန့်ဖြန့်ကာ နောက်ကိုဆုတ်သည်.......

ထိုအခါ သူ့အားာငေးကြည့်ရှာသော ခပ်လဲ့လဲ့မျက်ဝန်းအညိုတို့က ဆွေးမြေ့နေသလို.....အပေါ်ဗလာဖြစ်နေသော First ၏ ပုခုံးများသည် ပေါက်ပြဲနေကာ စရောက်ကတည်းကပင်ရထားသော ဒဏ်ရာများက ကျက်ခါစ......ညှက်ရိုးများမှလည်း သွေးစို့စို့ ဒဏ်ရာများက ထင်ရှားသည်.....သို့ရာတွင်သူ၏မျက်နှာက ဒဏ်ရာများကြောင့် ခံစားနေရသည့်ပုံတစ်စက်မှမပေါ်နေ.....

First သည် သူ့အား ကြောက်ရွံ့စွာ ကြည့်နေသော မျက်ဝန်းနက်များကြောင့် ရင်ဘတ်ကတင်းကြပ်လာသည်တိုင်အောင် ခံစားမိသည်......ဘာကြောင့်လဲ သူမသိပါ.....သူ့အား အမြဲပြုံးရယ်ကာ တောက်ပသော မျက်လုံးဝိုင်းများဖြင့်ကြည့်တတ်သော ကောင်လေးသည် ယခုအခါကျ နံရံထောင့်တွင်ကပ်ကာ သူနှင့်ဝေးရာတွင် တုန်လှုပ်စွာသာ ငေးနေသည်.......ပုခုံးသားများပေါ်နေသော ကောင်လေး၏ ညဝတ်အင်္ကျီသည် သူစုတ်ဖြဲထားသောကြောင့် ပုံပျက်ပန်းပျက်.....လည်ပင်းဖွေးဖွေးမှ နီရဲရဲအရာသည်လည်း သူ့လက်နှင့်လုပ်ထားခဲ့သည့်အရာပင်......

"Tung....ငါ...."

ဒူးထောက်ထားလျက် ထောင့်မှကောင်လေးဆီသို့သွားသော First သည် သူတတ်နိုင်သမျှ စကားလုံးများဖြင့် ရှင်းပြဖို့ရာအားထုတ်သော်လည်း နောက်သို့သော ဆုတ်သွားသော ခန္ဓာကိုယ်သေးသေးကြောင့် ပြောလက်စ စကားများက လေထဲတွင်သာ အဖျားရှူးပျောက်ကွယ်သည်.......

Wolfboy Where stories live. Discover now