ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw

Start from the beginning
                                    

နာကျင်ရလွန်းလို့ ငိုဖို့တောင်မျက်ရည်မကျနိုင်တော့တဲ့အခိုက်အတန့်ပါပဲ။ ဒီလိုနဲ့ပဲ ချစ်ရသူကိုလက်လွှတ်လိုက်ရတဲ့ အချိန်တွေပေါ့။

အချိန်တွေကကြာခဲ့ပါပြီ ။ ကိုယ့်ကတော့အခုချိန်ထိ
အတိတ်တွေထဲနစ်မြုပ်နေဆဲပဲ။ ချစ်ရသူကိုလက်လွှတ်လိုက်ရတဲ့ခံစားချက်တွေကို ရင်တွင်းတစ်နေရာမှာသိမ်းထားပြီး အခုတော့စိတ်ခံစားချက်မရှိတဲ့သူလို တစ်ယောက်ထဲရှင်သန်နေထိုင်နေပါတယ်။

~~~~~~~~ ~~~~~~~~~ ~~~~~~~~~ ~~~~~~~~~

ကိုယ့်နာမည်က သျှန်းအံ့ဟန်။

ကိုယ်က ဦးမကိုဋ်ထွဋ်ခေါင် နဲ့ ဦးသက်ထက်ပန်ရဲ့တစ်ဦးတည်းသောသားပေါ့။ စကားမစပ်ပြောပြစရာရှိတယ်။ကိုယ့်ငယ်နာမည်က သက်လုံးပုံတဲ့။ အဖေနှစ်ယောက်ကတော့ လုံးလုံးလို့ခေါ်လေရဲ့။ မွေးသဖခင်ဦးမကိုဋ်ကသူ့အမျိုးသားကိုချစ်လွန်းလို့ ကိုယ့်နာမည်ကိုပါ သူ့အမျိုးသားနာမည်နဲ့ဆင်အောင်မှည့်ထားတာတဲ့လေ။ တော်တော်ဆိုးတဲ့ ဒယ်ဒီပါဗျာ။

ကျွန်တော်ကိုမွေးတုန်းက ပေါင်ချိန်မပြည့်ဘဲမွေးလာတဲ့အပြင်ကိုမှ ကိုယ်ကာယပိုင်း ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုကလဲအခြားသက်တူရွယ်တူကလေးတွေထက် ပိုနောက်ကျတယ်တဲ့လေ။ အခုတော့ ကျန်းမာပြီးဉာဏ်ကောင်းလွန်းတဲ့အသက်၁၈နှစ်အရွယ်အမျိုးကောင်းသားလေးဖြစ်နေပါပြီ။

ကျွန်တော်ငယ်ငယ်ကပေါ့ ညတိုင်းအိမ်မက်မက်လေ့ရှိတယ်။ အရမ်းရင်းနှီးခဲ့ရတဲ့လူတစ်ယောက်ကို အမြဲတစေလိုက်ရှာနေမိတယ်တဲ့။ သူက ဘယ်သူလဲတော့ကျွန်တော်မသိဘူး။ နောက်ပြီး အိမ်မက်ထဲကကျွန်တော်က လက်တွေ့ဘဝကကျွန်တော်ဟုတ်မနေဘူး။ အဲဒါကထူးဆန်းနေတယ်မဟုတ်လားဗျာ။

ဒီလိုနဲ့မှတ်မှတ်ရရ ကျွန်တော့်အသက်၅နှစ်အရွယ်လောက်မှာ ထင်မှတ်မထားတဲ့လူကြီးတစ်ယောက်နဲ့ဆုံခဲ့ရတယ်လေ။

" သားလေး ဒါက လေးလေးလင်းမြတ်နိုင်တဲ့ ။
မှတ်ထားနော် ။ သားငယ်ငယ်ထဲက လေးလေးက
အဝေးကြီးမှာသွားနေရတာလေ ဒီနေ့မှပြန်ရောက်လာတာ"

ဒယ်ဒီ့ရဲ့မိတ်ဆက်စကားအဆုံးမှာ ကျွန်တော့်ရဲ့
အသိဉာဏ်တစ်ချို့လင်းလက်သွားခဲ့ရပြီး ကိုယ့်စိတ်ကိုမသိလိုက်ခင်မှာ စကားတစ်ခွန်းပြောလိုက်မိတော့တယ်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now