အနှီ အနှောင့်အယှက်တို့ကင်းမဲ့နေသည့် မျက်ဝန်းများနှင့် 'ငါမင်းကိုမချစ်ဘူး´ဟူသော အေးစက်စက်စကားတို့အား တွေးမိလျှင် အရိုးထဲတွင်ဖိနှိပ်ထားသော ပူပန်မှုတို့က ထကြွလာပြန်သည်။





ကျိုးကျင်ဟမ့်က ယန်ချန့်ရွှမ်ကိုခေါ်လိုက်သည်။





ယန်ချန့်ရွှမ်၏ဘက်တွင် အရုဏ်တက်ချိန်ဖြစ်နေသောကြောင့် သူ့အိပ်မက်များကို နှောင့်ယှက်သည့်အတွက် ဒေါသတကြီး ကြိမ်းမောင်းလာခဲ့၏။ ကျိုးကျင်ဟမ့်က သူ့ကိုလျစ်လျူရှုထားလိုက်ပြီး တိုက်ရိုက်ပင်မေးလိုက်သည်။





"တစ်ခါသေဖူးတဲ့လူဆီက ခွင့်လွှတ်မှုကိုရဖို့ ငါဘယ်လို အလျော်ပေးရမလဲ"





ယန်ချန့်ရွှမ်က အကြိမ်အနည်းငယ်မျှ ကျိန်ဆဲလိုက်ပြီးနောက် သန်းဝေလိုက်ကာ ကျိန်ဆဲရခြင်းကို ပင်ပန်းသွားသည်။





"မင်း ဘယ်မကောင်းဆိုးဝါးဝိဥာဥ်များ ပူးနေပြန်ပြီလဲ"





ကျိုးကျင်ဟမ့် : "မေးခွန်းကိုပဲ ဖြေစမ်းပါ"





ယန်ချန့်ရွှမ်က ယခုပင် အိပ်ယာထကာစဖြစ်ပြီး သူ့စိတ်ကလည်း ကြည်လင်မနေသေးပေ။ သူကအဓိပ္ပါယ်မရှိသည်တို့ကို ပြောလိုက်သည်။





"မင်း တစ်ခါလောက် သေဖူးလို့လား"





ကျိုးကျင်ဟမ့် : “ငါသေမှာမဟုတ်ဘူး ငါသူ့ကို ကာကွယ်ပေးရဦးမှာ ...”





“မင်းငါ့ကိုဘာလို့ တစ်ချိန်လုံး ပြဿနာလာရှာနေရတာလဲကွာ ငါအဲလိုကိစ္စမျိုးမှ မကြုံဖူးတာ ဒီတော့ ဘယ်လိုလုပ် မင်းကို ဒီကိစ္စကို ဆွေးနွေးဖို့ကူညီနိုင်မှာလဲ ”





ယန်ချန့်ရွှမ်က ဆံပင်ကိုဖွပြီး ကုတင်ထက်၌ လှိမ့်လိုက်လေသည်။





"ဟေး ဒီလိုဆို ဘယ်လိုလဲ မင်းသူ့ကို အလျော်မပေးချင်ဘူးလား မင်းအရင်က သူ့ကိုမပေးနိုင်ခဲ့တာကိုပေးလိုက် ဒါမှမဟုတ် အရင်ကသူ့အပေါ် အမှားလုပ်ခဲ့ရင် အခြားလူတွေကိုလည်း အတူတူ ပြန်လုပ်ပစ် အဲတာက ရိုးရှင်းပြီးကြမ်းတမ်းပေမယ့် အံ့အားသင့်စရာပဲကွ"





မျောလွင့်နေသော ပြာမှုန်များOpowieści tętniące życiem. Odkryj je teraz