"နောက်သုံးလအတွင်းပဲ တောင်းဆိုလို့ရမယ်..အဲ့နောက်မရဘူး.."

စစ်ဟွိုင်ရှီး က အနည်းငယ် မကျေမနပ် ဖြစ်နေကာ..

"အဲ့ဒါက တဖတ်လူရဲ့ ရောဂါကြောင့်လေ ဆရာဝန်က ၃လပဲလုပ်ခိုင်းလို့လား..."

ဖေးကျောက်ကျိုးက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး..

"ကောင်းပြီ... အဲ့ဒါဆရာဝန်ပြောတာပဲ"

ဟု ပြတ်ပြတ်သားသား လိမ်ညာခဲ့သည်။

စစ်ဟွိုင်ရှီး ၏ မျက်လုံးများက မဲမှောင်နေပြီး မနေ့ညက ကျန်ခဲ့သော မကျေနပ်မှု အရိပ်အယောင်ကို ဖော်ထုတ်ကာ မျက်မှောင်ကြုတ်လျှက်..

"ရပါတယ်.. နောက်မှ ဆွေးနွေးမယ်"

စာချုပ်တွေ အများကြီးဆွဲပြီးတဲ့ နောက်မှာတော့
နှစ်ဖက်စလုံးက နာမည်တွေ ရေးထိုးလိုက်ကြတယ်။

စစ်ဟွိုင်ရှီး သည်  စာချုပ်ကိုယူကာ စာချုပ်ချုပ်ပြီးနောက် စိတ်ရှုပ်နေသော ဖေးကျောက်ကျိုးအား ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားသော်လည်း ပြန်တည်ကာ..

"ဒါဆို ဖေးကော ငါအလုပ်ကို အရင်သွားလိုက်ဦးမယ်..မင်း ငါ့အိမ်မှာ နေချင်သလို နေလို့ရတယ်လေ.. ဟုတ်ပြီ..နောက်မှ အိမ်သော့တစ်ချောင်း ပေးလိုက်မယ်"

ဖေးကျောက်ကျိုးက ထုံထိုင်းစွာ ခေါင်းညိတ်လိုက်ပြီး စစ်ဟွိုင်ရှီး ထွက်ခွာသွားသည်ကို သတိမထားမိဘဲ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် လတ်လတ်ဆတ်ဆတ် စာချုပ်ကို တစ်ချက်ကြည့်လိုက်သည်။ စာချုပ်က နည်းနည်း ရှုပ်ပွနေပြီး တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရတယ်..ရုပ်တရက်နောင်တရချင်လာသလိုပဲ...



Paid gp မှာ အပိုင်း ၁၂၀ ကျော်အထိတင်ပြီးသွားပါပြီ ဇာတ်သိမ်းဖို့ အပိုင်း၂ဝ ကျော် ပဲကျန်ပါတော့တယ်...




Zawgyi

အလုပ်မသွားခင် စာချုပ်တစ်ခု လုပ်ဖို့ သူ့ကို တိုက်တွန်းနေတာလား.. ဖေးကျောက်ကျိုး က တစ်ခုခုမှားနေတယ် လို့ ခံစားမိပေမယ့် စစ်ဟွိုင်ရှီး ရဲ့ ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်မှာ သူက လက်ထောက်ကျန်းကိုဖုန်းဆက်ပြီး..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now