"လုံလောက်ပါတယ် ဒါပေမယ့် သူ့လိုအပ်ချက်တွေကို သိနိုင်ဖို့ မစ္စတာစစ်ကို မေးအုံးမလားဗျ.."

ဖေးကျောက်ကျိုး က စစ်ဟွိုင်ရှီး ကိုကြည့်ပြီး...

"မင်း ဘာတွေထပ်ထည့်ချင်သေးလဲ..."

စစ်ဟွိုင်ရှီး က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း..

"ဂြိုဟ်က ဘာမှ အရေးမကြီးဘူး ဒါပေမယ့် စာချုပ်ကာလမှာ နှစ်ဖက်စလုံးက တခြားလူတွေကို မရှာရဘူး..နမ်းတာ၊ ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေ အကန့်အသတ်မရှိပဲ မလုပ်ရဘူး တခြားသူတွေနဲ့ အရမ်းရင်းနှီးမနေဖို့ တောင်းဆိုချင်တယ် ဒီအပြုအမူတွေက စာချုပ်ပါ နှစ်ဖက်စလုံး အတွက်အကျုံးဝင်တယ် ပြီးတော့ စာချုပ်ကာလက ၉လဆိုတာက မကောင်းဘူး..ဘာလို့ ၁၀နှစ်မလုပ်တာလဲ..."

လက်ထောက်ကျန်းနှင့် ဖေးကျောက်ကျိုး တို့သည် တပြိုင်နက် တုန်လှုပ်သွားကြသည်။

"နောက်ဆုံး...နောက်ဆုံးရက်က ကိုးလပဲ"

စစ်ဟွိုင်ရှီး ဘယ်လောက်ပဲ ပြောနေပါစေ ဖေးကျောက်ကျိုးက ၉လ လို့ပဲ အခိုင်အမာ ပြောနေတုန်းပါပဲ။

ဖေးကျောက်ကျိုး သည် ချောင်းဆိုးပြီးအနည်းငယ်ဒေါသထွက်နေကာစစ်ဟွိုင်ရှီး ကို ကြည့်လိုက်ရင်း..ဒီစာချုပ်ကို ပဲသီးလေးအဖေဆီကနေ ဝှက်ထားရမယ်လို့ တွေးလိုက်သည်။

ဖေးကျောက်ကျိုးသည် စစ်ဟွိုင်ရှီးကိုလှည့်စားရတဲ့အတွက် စိတ်မသက်မသာဖြစ်ပြီး အပြစ်ရှိသလို ခံစားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူက တစ်ဖက်က သူ့ကို လျော်ကြေးပေးချင်တာကြောင့် အမြတ်အစွန်းရတဲ့ စာချုပ်မှာ..

“သုံးလတိုင်း မျိုးစုံရှိုးတွေ စီစဉ်ပေးမယ်.."

"စာချုပ်ပါ နှစ်ဖက်စလုံးက သူတို့ရဲ့ ဘာပဲသွားသွား ဘာလုပ်လုပ် နေ့တိုင်း ပြောပြရမယ်.. စာချုပ်မှာ မပါတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးမနေရဘူး..."

"နှစ်စဉ်နှစ်တိုင်း ဒါရိုက်တာကြီးတစ်ယောက်ဆီက ရုပ်ရှင်အရင်းအမြစ်တွေပေးမယ်.."

"တစ်ဖတ်လူက ညဘက်လေ့ကျင်းခန်းလုပ်ချင်ရင် လက်ခံပေးရမယ်.."

ဖေးကျောက်ကျိုး ၏ ပါးပြင်များသည် အနည်းငယ်နီနေပြီး ...

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now