Uncut (or) Extra

275 36 6
                                    

UNI...

Uncut

ယိုင်နဲ့နဲ့ ခန္ဓာကိုယ်နှင့် Chenle တို့အိမ်ဘက် ထွက်လာခဲ့သည်။ Mark က ဘယ်မှာမသွားရဘူး မှာထားပေမယ့် ထိုစကားကို ပယ်ချကာ ထွက်လာခဲ့သည်။သူ Chenle ကို မတွေ့ရလျှင် ရူးသွားလိမ့်မည်။

ညဘက်မှာ Hoodie အနက်ခေါင်းစွတ်နှင့်သူဟာ လူသားတွေမြင်လျှင် ထိန့်လန့်ဖွယ်ကောင်းနေမှန်းသိပေမယ့် မတတ်နိုင်။သူ့မျက်လုံးတွေက အခုထိ အနီရောင်သန်းနေဆဲဖြစ်သည်။

မီးလင်းနေသောအခန်းလေးကို ငေးကြည့်နေမိသည်။ Chenle နေသည့်အိမ်က CCTVအပြည့်နှင့် Vampire တွေကို ဖမ်းသည့်စက်အမျိုးမျိုးရှိသည်ကို သူ သိသည်။သို့သော် ချစ်တဲ့စိတ်ကြောင့်  အရဲစွန့်ပြီး အနားမှာနေခဲ့သည်ကို Chenle မသိလေရောလား။

ရင်နာစွာ ပြုံးမိသည်။ Vampire တစ်ကောင်အတွက် အချစ်က သွေးစက်တွေလောက် အရေးမကြီးဘူး ဟုဆိုလာသည့် Chenle စကားကြောင့်ဖြစ်သည်။သူ Vampire မှန်းသိ၍ တမင်နှိပ်စက်ပြောဆိုနေသောစကားလုံးတိုင်းဟာ သူ့ရင်ကို ဆူးချွန်နှင့် ထိုးနေသလိုပင် ။

နာကျဉ်းလွန်လွန်းလို့ လှုပ်ဖို့တောင် အားမရသည့်ကြားမှ မရမကာ ကပ်တွယ်နေမိသည်။တကယ်ပဲ အချစ်က ခက်ခဲကြမ်းတမ်းလိုက်တာ ။

တစ်ယောက်တည်း ရေရွတ်ပြီး Chenle အခန်းထဲ ဖြတ်ဝင်ခဲ့သည်။သူက ကိုယ်ရံတော်မျိုးနွယ်က Vampire မို့ တစ်ခြားသူတွေထက် အစွမ်းအစ ပိုရှိသည်။လူတစ်ယောက်မှတ်ဉာဏ်မှစပြီး CCTVမှတ်တမ်းတွေပါ ဖျတ်စီးပစ်နိုင်သည်။
အရာအားလုံး မျက်စိတစ်မှိတ်စသာ ကြာသည့်မို့ ဘာမှမတွေးတော့ဘဲ သူကို ကြောင်ကြည့်နေတဲ့ Chenle ကို လည်တိုင်မှ ကိုင်ဆွဲပြီး နမ်းလိုက်သည်။

သူ့ရင်ဘတ်ကို တွန်းကန်နေတဲ့လက်ကလေးတွေကို ခါးပေါ်မှာတင်ပြီးဖက်ခိုင်းလိုက်သည်။အဆင်ပြေပါသည်။မနက်ရောက်လျှင် ဒီမှတ်ဉာဏ်တွေ Chenle ဆီမှာ မရှိတော့မှာမို့။

« ဒါ ဘာလုပ်တာလဲ »

«အကြွေးလာယူတာလေ။မင်း ငါကို နာကျင်အောင်လုပ်လို့ »

Chenle မျက်လုံးတွေကို စိုက်ကြည့်ပြီး မှတ်ဉာဏ်တွေ ဖျတ်ဆီးပစ်လိုက်သည်။

THE KING LEE Donde viven las historias. Descúbrelo ahora