« ရှိတယ်။ သဘောကောင်းတဲ့ အဘိုးတစ်ယောက် »

Mark ကို မျက်လုံးလေးမှိတ်ပြပြီး ပြောလိုက်သည်။ပြောင်စပ်စပ်နှင့်သူကို Mark က နဖူးလေး လာထုသည်။မင်း ငါကို လျှိုဝှက်တတ်နေပြီတဲ့လေ။

✨🌻

HaeChannie ပေးသောအကြံကို ခေါင်းအေးအေးနှင့် နှစ်ရက်လောက် စဉ်းစားပြီးနောက်မှ Chenle နှင့်တွေ့ရန် ဆုံးဖြတ်လိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် Vampire မှန်းသိနေတာတောင် မဖမ်းဘဲ လွှတ်ထားပေးကတည်းက  Andy အပေါ် အမှန်တကယ် မေတ္တာမျှနေလို့ဖြစ်ရမည်။ Andy မျက်နှာနှင့် သူကို အထိုအလျောက် ကူညီပေးမည်ဟု တစ်ထစ်ချယုံကြည်ကာ Chenle နှင့် ချိန်းဆိုခဲ့သည်။

တိတ်ဆိတ်သည့်ကော်ဖီဆိုင်လေးမှာ လူသုံးယောက် မျက်နှာချင်းဆိုင်နေပြီး Andy မျက်နှာလေးက ဇီးရွက်လောက်လေးသာ ရှိတော့သည်။သူ ဒီနှစ်ယောက် စကားများ၊ရန်ဖြစ်မှာကို မလိုလားဘူး။ Mark က သူတို့အနာဂတ်ခေါင်းဆောင်ဖြစ်ပြီး Chenle က သူ့အသက်သမျှ ချစ်ရသူဖြစ်သည်။

« မပူနဲ့။ငါ မင်းရည်းစားနဲ့ ရန်ဖြစ်ဖို့ လာတာ မဟုတ်ဘူး ။ အကူညီတောင်းဖို့ လာခဲ့တာ »

«အကူအညီ ?»

သံယောင်လိုက်ပြောလျက် Chenle ကို ကြည့်လိုက်ရသည်။ Chenle က သူတို့မျိုးနွယ်အတွက်ဆို ကူညီမှာမဟုတ်ဘူး။

« ဘာများလဲ »

အေးအေးလူးလူး ပြောလိုက်သည်။အတင်းရဲပြီး အကူအညီလာတဲ့ Andy သူငယ်ချင်းက စည်းမရှိဘူး ထင်သည်။သူ Vampire တွေကို ဘယ်လောက်မုန်းလဲ လူတိုင်း သိသည်။

« မင်း အဘိုးနဲ့ တွေ့ချင်တယ်။ကူညီနိုင်မလား »

« Mark မင်းသေချင်နေတာလား !!»

Chenle ဘာမှမပြောခင် Andy ထတားရသည်။ဘယ်လိုလုပ်ပြီး Vampire နှိမ်နင်းသူကို ထိပ်တိုက်ချင်းတွေ့ချင်နေရတာလဲ။

« ထိုင် »

လက်မှာဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။ဘယ်လောက်ပဲ သူငယ်ချင်းအရင်းကြီးဆိုဦး။သူအရှေ့မှာ စိတ်ပူပြတာ အရမ်းလွန်လွန်းသည်။

«အကြောင်းပြချက်ပြော »

အေးစက်စက်မျက်လုံးတွေနှင့် Mark ကို ကြည့်လိုက်သည်။သူ Vampire တွေကို အရမ်းမုန်းသည်။ Andy မျက်နှာနှင့်တောင် ကူညီနိုင်မည် မထင်။

THE KING LEE Onde histórias criam vida. Descubra agora