ထိုနာကျင်မှုကို Andy ခံစားနေရတာသိတော့ ရင်ထဲမှာ နာကျင်မှုနှင့်အတူ နွေးထွေးမှုလည်း ဖြစ်တည်လာခဲ့သည်။ Andy က သူထင်ထားသလို မကောင်းတဲ့ Vampire မဟုတ်ဘူး။

Vampire အနီးအနားရောက်လျှင် အချက်ပြသောနာရီလေးက တတီတီမြည်လာခဲ့သည်။စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်တော့ Andy ရဲ့သူငယ်ချင်း Mark ဖြစ်နေ၍ စိတ်ပျက်ရသည်။

သူသုံးသည့် Vampire အချက်ပြနာရီက သူများမတူ၊ ထူးခြား၍ Mark နှင့် Andy အနားရောက်လျှင် အချက်ပြသည်။တစ်ခြားသူတွေမှာဆို ထိုကဲ့သို့ အချက်မပြပေ။ဘာလို့လဲဆို Mark နှင့် Andy မှာ Vampire အချက်ပြစက်ကို ခုခံကာကွယ်နိုင်သည့်လျှိုဝှက်လက်နက်ရှိနေတာကြောင့်သည်။

တော်ရုံမဟုတ်ဘဲ ထူးခြားတဲ့အိမ်တော်က လူတွေမှန်းရိပ်မိလိုက်သည့်နှင့် ဖမ်းစီးပြီးအချုပ်ချပစ်လိုက်ချင်ပေမယ့် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ဘူး။

« Andy ဒီနေ့ ကျောင်းမလာနိုင်ဘူး »

«အင်း »

« ဘာလို့လဲ မမေးတော့ဘူးလား »

မော့ကြည့်လိုက်တော့ Mark က သူကို မဲ့ပြုံးနှင့် ဆီးကြိုနေသည်။သေချာပေါက်  သူကြောင့် Andy ထိခိုက်သွားတာကို Mark သိနေခဲ့သည်။

« Andy ကို တုံးအ,တဲ့ကောင်လေးထင်ပြီးလှည့်စားနေတာဆို ရပ်လိုက်တော့ Chenle ။
မင်းမို့  သူ အလျော့ပေးထားတာ»

ဘာလို့လဲ ဟု ပါးစပ်လှုပ်ရုံလေးမေးလိုက်ပေမယ့် တကယ်တော့ ထိုအဖြေကို သူသိနှင့်နေခဲ့သည်။

« ဒါတော့ မင်းအသိဆုံးဖြစ်မှာပါ။သူ မင်းကို ဘယ်လောက်ချစ်သလဲဆိုတာ »

ပြောပြီး လှည့်ထွက်သွားတဲ့ Mark ကျောပြင်လေးနှင့်အတူ မဖြစ်သင့်သည့်အရာကို ရူးမိုက်စွာ ဖန်တီးချင်လာသည်။

Andy ရဲ့အချစ်ကို လိုချင်သည်။ ထုတ်ပြ
ပေမယ့် ဖွင့်‌မပြောဘဲ သိမ်းဆည်းထားသည့်Andy ဆီက အချစ်တွေကို ပိုင်ဆိုင်ချင်သည်။

ထို့အတူ အိမ်မက်လိုလို အဖြစ်အပျက်မှာ နွေးထွေးခဲ့သော နှုတ်ခမ်းသားလေးတွေကို ထိတွေ့ပြီး အစစ်အမှန်တွေ ဖြစ်လာဖို့ ဆုတောင်းနေမိသည်။

THE KING LEE Where stories live. Discover now