အဲ့လောက်ကြောက်နေတာကို ဘာလို့များ ဒီအလုပ်ကို လုပ်ခဲ့သေးလဲ
HaeChannie ya ~

«ဦးလေးပတ်ခ်က လာမကြိုသေးလို့။မင်း
နောက် ငါ ‌လိုက်လို့ရမလား »

ငြင်းရခက်နေသည့်ပုံလေးနှင့် အကျပ်ရိုက်နေသောအနှီးလူသားလေးဟာ တကယ်ကို ချစ်ဖို့ကောင်းလွန်းသည်။

«ပစ္စည်းသွားပို့မှာ မဟုတ်လား။ ငါ အဖော်လိုက်ပေးမယ်လေ»

«ဟို..မဖြစ်ဘူး ထင်... »

«လုပ်ပါ...ငါ ဆိုင်ကယ် မစီးဖူးလို့ ~»

ခြေလေးပါဆောင့်ပြီး အနည်းငယ်ချွဲလိုက်မိသည်။သေစမ်း!!ဒီပုံစံကို Andy မြင်သွားရင် လှောင်လို့ ဆုံးမှာမဟုတ်ဘူး။

«အင်း။လိုက်ချင် လိုက်ခဲ့ပါ။ငါ့ဆိုင်ကယ်အနားမှာပဲ နေရမယ်။ငါ့ပစ္စည်းပို့တဲ့အိမ်အထိ လိုက်လို့မရဘူး»

«အိုခေ။ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။အဓိက,က မင်းအနောက်လိုက်ရရင် ရပြီ»

ပြောရင်း ဆိုင်ကယ်ပေါ် ဆွေ့ကနဲ့ တက်လိုက်သည်။

«ရပြီ ။ မောင်းလို့ရပြီ»

ခါးတွေကို တင်းနေအောင်ဖက်ပြီး ပြောလိုက်တော့ အနှီးလူသားလေးက အတင်းရုန်းသည်။

«နေဦး။ဆိုင်ကယ်ဦးထုပ် ဆောင်းရမယ်»

ပြောရင်း ခေါင်းပေါ်မှာ ဆိုင်ကယ်ဦးထုပ်ကို ချွတ်နေတာကြောင့် ပုခုံးအစွန်းလေးထက်မှာ မေ့တင်ပြီး ခါးလေးကို ဖက်လိုက်တယ်။

«ငါက ရတယ်။မင်းပဲ ဆောင်းထား »

«အန္တရာယ်များတယ် Mark..မင်း တစ်ခါမှ
ဆိုင်ကယ် မစီးဖူးဘူးဆို»

«အဓိက,က မောင်းတဲ့သူတော်ရင် ရပြီ မဟုတ်လား။မင်း ငါကို ထိခိုက်အောင် မလုပ်ဘူး မှတ်လား»

Mark ရဲ့ချိုအိနေသောအသံလေးဟာ HaeChan နှလုံးသားထဲအထိ စိမ့်ဝင်သွားခဲ့သည်။စရောက်ကတည်းက မျက်စိကျစရာလေးက ဘေးနားမှာ အမြဲလာကပ်နေတာ‌ကြောင့် သူ့ခံစားချက်တစ်ချို့က ထိန်းချုပ်ရခက်လာသည်။ဒါပေမယ့် သူဟာ Vampire တွေအတွက် အလုပ်လုပ်ပေးနေသောလူဆိုတာ သိရင် မုန်းသွားလေမလား ။

THE KING LEE Where stories live. Discover now