★"★"
မျက်နှာထက်မှာဒဏ်ရာကို မြင်ပြီး ပေါက်ကွဲမိသည့်က အစပြုပြီး Kyungsoo က သူကို ရှောင်နေခဲ့တယ်။မျက်နှာလေးတွေ့ဖို့အတွက် အတော်လေး ခက်ခဲနေတာကြောင့် ဒီရက်ပိုင်း သူရဲ့စိတ်က မကြည်မလင်ဖြစ်နေရတယ်။အချိန်တိုင်း စိတ်တိုပြီး ရန်ပွဲတွေလည်း ခဏ ခဏပါမိတယ်။ တားမဲ့သူမရှိ၍ ဖြစ်ချင်အတိုင်းဖြစ်နေတဲ့သူကို Sehun က လာပြောတယ်။စိတ်ဆိုးနေတဲ့လူကို မချော့ဘဲ ထားရင် ပိုဆိုးသွားမယ်တဲ့လေ။
အမှားမလုပ်ထားဘဲ စိတ်ဆိုးနေတဲ့ချစ်သူကို ဖမ်းရန် ကျောပိုးအိတ်ဆွဲပြီး ထွက်လာခဲ့တယ်။အတတ်ကောင်းတွေတတ်ပြီး ကျောင်းပြေးနေတာ။တွေ့မှာ ဂုတ်ကဆွဲပြီးခေါ်လာခဲ့ရမယ်။
ငယ်ငယ်ကသွားဖူးတဲ့ ကစားကွင်းဆီ ရောက်ခဲ့ပေမယ့် အရိပ်ကလေးတောင် မမြင်ရပါ။ဘယ်နားမှာ သွားပြီး သောင်းတင်နေမလဲ တွေးမိတော့ အတွေးထဲပေါ်လာတဲ့စတိုးဆိုင်တွေ။စိတ်ညစ်လျှင် စားချင်တာအကုန်စားတတ်တဲ့ Kyungsoo အကျင့်ကို သူ ကောင်းကောင်းသိတယ်။
« Chanyeol Oppa !!!»
လှမ်းခေါ်တဲ့သူကို လှည့်ကြည့်လိုက်တယ်။
« အမ်နာ ဘယ်လဲ »
« ဆေးဆိုင်က ပြန်လာတာ»
« ကျောင်း မတတ်ဘူးလား »
« မေမေ နေမကောင်းလို့ »
« ဒါနဲ့ Oppa ရော ကျောင်းပြေးတာလား »
« သူငယ်ချင်းတစ်ယောက်ကို လာဖမ်းတာ ..တွေ့မိသေးလား။မျက်လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ကလေးပေါက်လေးကို »
« Kyungsoo Oppaကို ပြောတာ မဟုတ်လား။အစောနက ဒီနားကစတိုးဆိုင်ထဲမှာ တွေ့လိုက်မိတယ် »
«ကျေးဇူးပဲ အမ်နာ ။သွားလိုက်ဦးမယ် »
အပြေးအလွှားနှုတ်ဆက်ပြီး ပြေးလာခဲ့တယ် ။ အရူးလေး နောက်ဆုံးတော့ မောင်လက်ထဲမှာ မိပြီ။
သို့သော် စတိုင်းဆိုင်ထဲမှာ Kyungsoo မပြောနှင့်။အရိပ်တောင် မမြင်ရပါ။
«အား!! ဘယ်ရောက်သွားတာလဲကွာ »
အော်ဟစ်ညီးတွားပြီး မျက်လုံးတွေကို ကစားလိုက်တော့ စတိုးဆိုင်ဘေး ခပ်လှမ်းလှမ်းမှာ ပန်းဆိုင်လေးမှာ အရိပ်သေးသေးလေးကို တွေ့လိုက်ရတယ်။
Uncut (or) Extra
Start bij het begin