08

253 31 0
                                    

UNI....

ယောင်္ကျားလေးဆိုပေမယ့် အသားအရေကအစ နူးညံ့ပြီး ယဉ်ကျေးလိမ္မာတဲ့ KyungSoo ဟာ မိဘ‌တိုင်းလိုချင်တဲ့သားကောင်းရတနာလေးဖြစ်တယ်။မေမေ့နှုတ်ဖျားထက်မှာ KyungSoo နာမည်က မပါမဖြစ်။ Park အိမ်တော်ရဲ့အသဲကြော်လေးဖြစ်တဲ့အပြင် မမရဲ့ဦးစားပေးခံရသော တစ်ဦးတည်းသောယောင်္ကျားလေးလည်းဖြစ်တယ်။

Chanyeol မှာ တစ်ခြားသူနဲ့မဟုတ်ဘဲ မမနဲ့ပြိုင်ပြီး Kyungsoo ကို လုနေရတယ်။မမရဲ့အချစ်သည်းမှုနှင့် ဖောင်းကားလာတဲ့ပါးလေးတွေကို လက်ညှိုးနှင့် ထိုးကြည့်၍ မနာလိုဖြစ်ရတယ်။သူလည်း Kyungsoo စားသမျှ ဝယ်ကျွေးနိုင်ပါတယ်။ဒါပေမယ့် မမက အမြဲ အသားစီးရတယ်။မမနှင့်ဆို တဟီးဟီးနှင့် သဘောကျနေတဲ့ Kyungsooကို တစ်ခါတလေ ကိုင်ဆောင့်ပစ်လိုက်ချင်တယ်။သူကို ချစ်သူတော်လိုက်တာ ဒီလိုမျိုး ရက်စက်ဖို့အတွက်လား။

« Chanyeol စာလိုက်မကြည့်ဘဲ ဘာကြည့်နေတာလဲ !! »

« Kyungsoo..Doh Kyungsoo ကို ကြည့်နေတာ ဆရာ »

သူ့ဖြေသံကြားပြီး တစ်ခန်းလုံး ဝိုင်းရယ်ကြတယ်။ Kyungsoo ကတော့ ထုံးစံအတိုင်း မျက်နှာရဲရဲနှင့်။

« စာက Kyungsoo မျက်နှာမှာ မရှိဘူး။ဒီမှာ!!ဒီကို ကြည့် !! »

ဆရာက ကျောက်သင်ပုန်းကို တုတ်နှင့်ခပ်ကြမ်းကြမ်းရိုက်၍ ပြောလာတယ်။

« မဟုတ်ဘူး ဆရာ။ Kyungsoo စာလိုက်မလုပ်ဘဲ အပုံထိုင်ဆွဲနေလို့ ကြည့်နေတာ »

« သွား !! စာထဲ စိတ်မပါရင် နှစ်‌ယောက်လုံး အခန်းပြင်ထွက် !! လက်မြှောက် ဒူးထောက်နေ »

ထိုင်ခုံမှ အလျင်အမြန်ထပြီး Kyungsoo လက်ကို ဆွဲလိုက်တယ်။

« လာ ။ အခန်းပြင်ထွက်မယ် »

ဆရာဆီက အဆူခံရပြီး အခန်းပြင်ထွက်ရသည့်ကို ရှက်ရကောင်းမှန်းမသိ။ကျေနပ်နေတဲ့အရူးကောင်ကို အခန်းအပြင်ရောက်မှ နားရွက်လိမ်ဆွဲပစ်လိုက်တယ်။

«ရူးနေလား။ငါ စာလိုက်လုပ်နေတာ မင်း မမြင်ဘူးလား »

« မောင် မြင်ပါတယ်။မင်း စိတ်တွေလွင့်နေတာ ။စာလည်း အာရုံမစိုက်ဘူး »

FOREVER ONLY Where stories live. Discover now