«ပြီးတော့ မင်းကို ပျင်းစရာကောင်းတယ်ပြောပြီး မင်းအနားရောက်ရင် သွားမစိတော့ဘူး။အရူးကောင် !!ဘာလို့ ခဏ ခဏ ငါတို့ Kyungsoo လေးကို စိတ်မကောင်းဖြစ်အောင်လုပ်နေတာလား မသိဘူး »
Kyungsoo ပြုံးရင်း Sehun စကားကို ထောက်ခံလိုက်တယ်။ဟုတ်တယ် Park Chanyeol အရူးကောင် !! သူများအိမ်ကအဖိုးတန်သားလေးကို ငိုအောင် ခဏ ခဏလုပ်တယ်။ ပျင်းစရာကောင်းတဲ့ကောင်လို့စွပ်စွဲဆိုပြီး သူငယ်ချင်းမလုပ်နိုင်ဘူး ပြောတာက ဘယ်နှကြိမ်မှန်း မသိဘူး။
« ငါ တစ်ခေါက်လောက် ပျော်စရာကောင်းတာ လုပ်ကြည့်သင့်လား။ Chanyeol နဲ့အတူတူလေ »
Sehun ကိုမော့ကြည့်ပြီးမေးလာတဲ့အရောင်လဲ့လဲ့မျက်ဝန်းတွေ။
« မင်း သဘောလေ။ ဒါပေမယ့် တစ်ခုကတိပေး Kyungsoo..အခန်းထဲရောက်ရင် အဲ့ကောင်ကို
လုံးဝမကြည့်နဲ့ »«အင်း »
Kyungsoo ခေါင်းငြိမ့်ပြလိုက်တယ်။သူဘက်က ကြည့်ရင်တောင် Chanyeol က သိမှာမဟုတ်ဘူး။အမြဲတမ်း အခန်းထဲမှာ အိပ်ငိုက်နေလို့လေ။
★"★"
မနက်က နိုးလည်းမရနှင့် ။လှိမ့်အိပ်နေတဲ့ Chanyeol ကြောင့် မေမေဆီမှ အဆူခံလိုက်ရသည်။မကျေမနပ်နှင့် စိတ်ကောက်မိတော့ အနားမှာ တကောက်ကောက်လာချော့လေတယ်။စိတ်ဆိုးနေတဲ့အချိန် မျက်နှာငယ်လေးနှင့် လိုက်ချော့သည်ကို သဘော၍ မူပိုနေမိတယ်။ Chanyeol ရဲ့မျက်နှာလုပ်မှုနှင့် အသားတွေအများကြီးစားခဲ့ရပြီး စိတ်ဆိုးပြေလုလုတွင် Chanyeol ဖုန်းက ဝင်လာခဲ့တယ်။အမ်နာတဲ့လေ။
သန့်စင်ခန်းသွားသောChanyeol မသိအောင် ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှာကြားလိုက်ရတဲ့အသံပိုင်ရှင်က Chanyeol အမှတ်နှင့်ကျေးဇူးတင်စကားဆိုလာတယ်။အသံမပေးဘဲ နားထောင်ပြီးမှ နောင်တရမိတယ်။အဲ့ဒါကြောင့် Chanyeol အခုတလော သူ့အနားကနေ လစ်ခနဲ၊လစ်ခနဲ့ ပျောက်သွားတာဖြစ်မယ်။အဲ့ဒီကောင်မလေး အန္တရာယ်အတွင်းကျနေတဲ့အချိန်မှာ အပြေးအလွှားသွားကူညီပေးတဲ့ Chanyeol ကို ဘယ်လိုယုံကြည်ရမလဲ။
တကယ်ပဲ Park Chanyeol မှာ သူမသိတဲ့လျှိုဝှက်ချက်တွေ ဘယ်နှခုလောက် ရှိနေမလဲ။
Uncut (or) Extra
Start from the beginning