★”★”

« Park Chanyeol မင်းလက် ငြိမ်ငြိမ်နေ  !! »

မနက်ဖြန်ဆို စာမေးပွဲဖြေတော့မယ်။စာလုပ်ဖို့ စိတ်ကူးမရှိဘဲ အနားမှာလူကို လာကလိနေတဲ့အရူးကောင်ကို အော်ပစ်လိုက်တယ်။

« စာလုပ် !! »

စာလုပ်ဖို့ပြောလိုက်ရင် မျက်နှာက ဇီးရွက်လောက်နဲ့။

« စာက မင်းဖြစ်ရင် ကောင်းမှာပဲ »

အဖက်လုပ်ပြီး စကားမပြောချင်တာတော့ပါ။
အဲ့အရူးကောင်က မျက်နှာသာပေးလိုက်လျှင်  ဟိုကိုင်၊ဒီကိုင်နဲ့။

« ဒါဆို မောင် နေ့တိုင်း လုပ်ဖြစ်မှာ »

စာအလွတ်ရေးနေတဲ့လက်ကလေးက တွန့်ခနဲ့ ဖြစ်သွားတယ်။အရူးကောင် ဖောက်လာပြီ။

« မကောင်းတဲ့အကောင် !!! »

နောက်ဆုံးမှာ ကျောကုန်းကို ထုပစ်လိုက်တယ်။
အဲ့လိုပေါက်ကရစကားတွေ ဘယ်က၊ဘယ်လိုတတ်လာမှန်းမသိဘူး။

«ငါ ထုလိုက်ရင် မင်း သေဖို့ပဲ ရှိတယ် »

« ဒါပေမယ့် မသေခင် မင်းကို ချစ်သွားဦးမှာ »

ပြောပြီး ကြမ်းပြင်ပေါ် လှဲလာတော့ အလန့်တကြားဖြစ်သွားတယ်။

« ဘာလဲ အခုမှ မောင်ကို ကြောက်ရမှန်းသိသွားတာလား »

«ဖယ်နော် မင်း  !!! »

« မဖယ်ဘူး »

«ငါ စာမရသေးဘူး »

«အချိန်တွေ အများကြီး ကျန်သေးတယ် »

နှုတ်ခမ်းအိအိလေးကို ဖိကပ်နမ်းလိုက်တယ်။ပခုံးကို အတင်းတွန်းနေတဲ့လက်ကလေးတွေက
အနမ်းတွေရှည်ကြာလာတာနဲ့သမျှ အားယူပြီးဆုပ်ကိုင်လာတယ်။

နှုတ်ခမ်းလေးမှတစ်ဆင့် လည်တိုင်လေးကို ဆင်းသက်သွားတော့ အတင်းရုန်းလာတယ်။

«မင်း...အဆင့်တတ်လို့ မဖြစ်ဘူး »

« အင်း။ မောင် သိတယ် »

နဖူးလေးကို ငုံနမ်းပြီး  အနမ်းတွေကို အဆုံးသတ်လိုက်တယ်။

« မနက်ဖြန် စာမေးပွဲ ကောင်းကောင်းဖြေကြရအောင်။ ဒါပြီးရင် မောင်တို့ လျှောက်လည်ကြမယ် »

FOREVER ONLY Where stories live. Discover now