ဘာမှဆက်မပြောဘဲ ဒူးထောက်လိုက်တယ်။စာ လိုက်မှတ်နေတယ်ဆိုပေမယ့် တစ်ချက်၊တစ်ချက် စိတ်လွင့်သွားတာတော့ အမှန်တကယ်ဖြစ်တယ်။

« ဘာဖြစ်နေတာလဲ ။ အခုရက်ပိုင်း မျက်နှာလည်း မကောင်းဘူး »

Kyungsoo နည်းတူ ဒူးထောက်၍ အနားနားကပ်မေးလိုက်တယ်။

«ဟင့်အင်း »

« မလိမ်နဲ့ ။ စိတ်ညစ်စရာရှိရင် မောင်ကိုပြော »

ဆက်တိုက်ငြင်းနေတာမို့ Chanyeol စိတ်လျော့ပြီး မေးခွန်းပြောင်းမေးလိုက်တယ်။

«ဒါဆို ဘာလို့ မောင်အရှေ့မှာ   မပျော်တဲ့ပုံဖြစ်နေရတာလဲ။မမနဲ့ဆို ပြုံးပျော်နေတာပဲ »

« အဲ့လိုဖြစ်သွားလား။ငါတောင် မသိလိုက်ဘူး »

ကြည့်။မသိချင်ယောင်ဆောင်နေတယ် ။

«စိတ်မဆိုးနဲ့။မမက ငါကို မင်းရည်းစားမှန်း သိပါတယ် »

«သိလို့ပဲ။အနားက မခွာတော့ဘူး »

ခပ်တိုးတိုးလေးပြောပြီး မျက်နှာဆူပုတ်ပြလိုက်တော့ Kyungsoo က ရယ်တယ်။သူ့ခေါင်းက ဆံပင်တွေကို လှမ်းဖွရန် ပြင်လာတာမို့ ခေါင်းယိမ်း၍ရှောင်လိုက်ရတယ်။

« အိမ်ထောင်ဦးစီးခေါင်းကို ကိုင်ရင် ငရဲကြီးလိမ့်မယ် »

လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အံ့ဩနေတဲ့မျက်နှာလေးနှင့် ပြူးကြည့်လာတယ်။

« အိမ်ထောင်ဦးစီး ? မင်းက ငါကို ယူမှာလား »

«ဘာလဲ။ မောင်က အပျော်ကြံတယ်ထင်လို့လား»

မဆိုင်းမတွ‌ပြန်ဖြေတယ်။အင်းတဲ့လေ။

ထုချင်စရာလေး။ဘယ်လောက် ချစ်တယ်ပြောပြော ၊လူကို မယုံဘူး။

«မောင်က မင်းကို အတည်ကြံနေတာ ။
မင်းသာ ထားမသွားနဲ့ »

ဒူးထောက်လျက်ငြိမ်နေတဲ့သူကို လှမ်းနမ်းလိုက်တယ်။နဖူးပြင်လေးမှစပြီး ပါးပြင်လေးအထိ ခပ်ဖွဖွနမ်းပြီးမှ နှုတ်ခမ်း‌ပါးလေးကို လျှပ်တပြတ် နမ်းလိုက်တော့ မျက်နှာလေးရဲတတ်သွားတာက စတော်ဘယ်ရီလုံးလေးကျနေတာပဲ။

FOREVER ONLY Onde histórias criam vida. Descubra agora