« ဟီး Kyungsoo မင်း ငါကို စိတ်မဆိုးပါဘူးနော်»

မျက်စောင်းသာ နာနာထိုးပေးလိုက်တယ်။စိတ်မဆိုးဘဲ နေပါ့မလား။လူကို အသားယူပြီးနမ်းသွားတဲ့အကောင်က မနက်ရောက်တော့ ကောင်မလေးတွေနဲ့ တဟီးဟီးလုပ်နေတယ်လေ။

«ကြည့်ရတာ မင်း ကျောစုတ်တော့မယ် ထင်တယ် »

အရိပ်အကဲကြည့်၍ ခပ်တိုးတိုးပြောလိုက်တော့ Park Chanyeol တို့ ကြောက်ဒူးတုန်နေတာ မြင်မကောင်းဘူး။တံတွေးမြိုချ၍ မရဲတရဲလေးလုပ်နေသော Park Chanyeol ပုံရိပ်ကို ဖုန်းကင်မရာနှင့်ခိုးရိုက်၍ မှတ်တမ်းတင်ထားလိုက်တယ်။

«ကဲ ကလေးတွေ အတန်းစကြမယ် »

Sehun ဖုန်းကို ကျောပိုးအိတ်ထဲ အလျင်အမြန်ထိုးထည့်လိုက်ရတယ်။အဖိုးတန်ပုံလေး အဖျတ်ခံလို့ မဖြစ်ဘူး။

« Park Chanyeol ဘာလုပ်နေတာလဲ။ဒီကို လာလေ »

ခပ်တည်တည်နှင့်လှမ်းခေါ်‌လိုက်တော့ Chanyeol က မျက်နှာငယ်လေးနှင့် ပြေးလာတယ်။ပြီးမှ ခေါင်းပေါ်မှောက်အိပ်လိုက်တာများ သူ့အိမ် သူ့ယာလိုပင်။

မျက်လုံးမှိတ်ပြီး ခုံပေါ်မှောက်နေပေမယ့် Chanyeol မှာ ရင်မအေးရ။အချစ်ကလေးက သူကို တစ်ချိန်လုံး မျက်ထောင့်နဲ့ကြည့်ပြီး မကျေမနပ်ဖြစ်နေတယ်။နှာလေးမှုတ်၍ စိတ်ဆိုးနေတဲ့ပုံက  အပြစ်ကြီးကြီးကျူးလွန်းထားသည့်လူ ပမာခံစားရစေတယ်။

★”★”

« Kyungsoo »

ထမင်းစားချိန်မှာ သူကို မစောင့်ဘဲ ထွက်သွားတဲ့ Kyungsoo နောက်အမှီလိုက်ပြီး လက်ကလေးတစ်ဖက် လှမ်းဆွဲလိုက်တယ်။

«ငါကို စိတ်ဆိုးနေတာလား »

« ဖယ် »

မဖြေဘဲ ဇွတ်အတင်းရုန်းလာတယ်။ရမယ်တဲ့လား။ Park Chanyeol အားကြီးတာ  တစ်ကျောင်းလုံး သိတယ်။

« မရုန်းနဲ့ Kyungsoo! ထပ်ရုန်းကြည့်
ငါ  နမ်းပစ်မှာ »

ရုန်းနေတာ ရပ်သွားပေမယ့် Kyungsoo က သူကို စိတ်ဆိုးပြီး မျက်နှာလွှဲသွားလေတယ်။

« လာခဲ့ »

လက်ကလေးကို သာသာလေးဆွဲ၍ ခေါ်လိုက်ခဲ့တယ်။ခေါင်မိုးထပ်ရောက်မှ ကိုင်ထားတဲ့လက်ကလေးကို ဖျစ်ညစ်ပြီး Kyungsoo မျက်လုံးတွေကို ကြည့်လိုက်တယ်။

FOREVER ONLY Waar verhalen tot leven komen. Ontdek het nu