« ဖယ်စမ်းပါ »
လက်ကို ပုတ်ထုတ်လိုက်တဲ့အထိ မျက်နှာပိုးက မသေ။ဒီကောင် စိတ်ဆိုးနေတာတောင် မသိဘူးလား။
« အိုခေ။ ငါ မနှောက်ယှက်တော့ဘူး »
မနှောက်ယှက်တော့ဘူးဆိုတာ နေရာမှာ ကျောပိုးအိတ်ချပြီး အတန်းထဲကလူတွေနဲ့ စကားထိုင်ပြောနေပြန်တယ်။ချော့ဖို့ စိတ်ကူးနည်းနည်းမှမရှိဘဲ ကောင်မလေးတွေနဲ့ ဟီးလားတိုက်နေတာမြင်တော့ ဒေါသတွေနှင့်အတူ ပေါက်ကွဲပစ်လိုက်ချင်တယ်။အလကားကောင် ချစ်တယ်ပြောပြီး လူကို ဂရုမစိုက်ဘူး။
အဖက်လုပ်မယ်အထင်နဲ့ ကောင်မလေးတွေနှင့်ရောပြီး စကားသွားပေမယ့် နည်းနည်းလေးမှ လှည့်မကြည့်တာကြောင့် ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်နေတဲ့ Kyungsoo ကို မျက်နှာငယ်လေးနှင့် ကြည့်နေရတယ်။အဖြစ်ကလည်း ဆိုးလိုက်တာ။မြင်သာမြင်ရပြီး မကြင်ရဘူး။
« Chanyeol ဘာဖြစ်နေတာလဲ ။ ဝမ်းချုပ်နေတာလား »
လွယ်အိတ်ပင် မချအား။သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ကြီးပြောလာတဲ့ Sehun ။ဒီကောင်နဲ့ ဘယ်ဘဝက ရေစက်ဆိုးတွေလဲ မသိဘူး။တွေ့တာနဲ့ ကိုက်နေရတယ်။
«ငါနဲ့ဝေးဝေးနေ။ မင်းနဲ့ ရန်မဖြစ်ချင်ဘူး»
Sehun ရင်ဘတ်ကို တွန်းပြီး ပြောလိုက်တယ်။အရှိုန်လွန်းပြီး Kyungsoo စားပွဲခုံကို Sehun သွားတိုက်မိသွားတာ သူရဲ့ကံဆိုးမှုပေါ့။
« Sorry Kyungsoo...ဒီကောင် တွန်းလိုက်လို့ »
Sehun စကားအဆုံးမှာ လက်မြှောက်၊ဒူးထောက်လိုက်တယ်။
«ငါ မဟုတ်ဘူး Kyungsoo...ဒီကောင်က အားမရှိတာ။ငါ သာသာလေး တွန်းလိုက်တာ »
လူကောင်နဲ့မလိုက် သေးသေးလေးကို ကြောက်ပြနေတာမြင်တော့ Sehun အော်ရယ်ပစ်လိုက်တယ်။ဟိုက သူ တစ်ကိုင်ပေါက်စာပဲ ရှိတယ်။ကြောက်လိုက်တာ လွန်းပါရော။
« မင်းကို ဘယ်သူက ဘာပြောလို့လဲ »
လူတွေ ဝိုင်းကြည့်နေတာမို့ ပိတ်အော်လိုက်ရတယ်။ကျောင်းရဲ့ လူမိုက်ခေါင်းဆောင်နဲ့
ရန်ပတ်ဖြစ်ခဲ့တဲ့လူက မျက်နှာငယ်လေးနှင့်။တကယ် ကုပ်ဖဲ့ချင်စရာရုပ်။
YOU ARE READING
FOREVER ONLY
Fanfictionမယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ်