Chanyeol နာကျင်သွားတဲ့ခေါင်းကို ဖိကိုင်ပြီးမော့ကြည့်လိုက်တော့ သင်္ချာဆရာက သူကို အေးစက်စက်မျက်နှာနှင့်ကြည့်နေတယ်။ဟီးခနဲ့ ရယ်ပြတော့လည်း မရ။ဂုတ်မှာဆွဲပြီး မောင်းထုတ်ခံလိုက်ရတယ်။
« မင်းတို့နှစ်ကောင် စာလိုက်မလုပ်ချင်ရင် အဲ့အပြင်မှာနေ !!»
မောင်းထုတ်ခံလိုက်ရတော့လည်း ပျော်ပျော်ပဲ။အပြင်ရောက်မှာ အချစ်အကြောင်း အကြိတ်အနယ်ဆွေးနွေးပစ်လိုက်တယ်။
Sehunကတော့ သူရဲ့လေရှည်မှုကို မိနစ်၄၀လောက် နားထောင်ပြီး ဘာမှမငြင်းရဲတော့ဘူး။
★”★”
« Kyungsoo ငါကို ဆေးလိမ်းပေး »
«မလိမ်းပေးဘူး။မင်း အပြစ်နဲ့ မင်း ခံ »
တစ်ခွန်းတင်ပြောပြီး သူကို လှည့်မကြည့်တော့။နေ့လယ်ထမင်းစားချိန်ကတည်းက တောက်လျှောက်ပူဆာနေတာကို မလုပ်ပေးဘူး။
«နှလုံးသား မရှိလိုက်တာ »
ခပ်တိုးတိုးပြောလိုက်တော့လည်း မကြားချင်ယောင်ဆောင်နေပြန်တယ်။
ရတယ်လေ။ဒါဆိုလည်း အားသုံးပြီး အနိုင်ကျင့်ရမှာပေါ့။
« Kyungsoo လုပ်ပေးမှာလား ! မလုပ်ပေးဘူးလား »
အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။လန့်သွားပေမယ့် မလုပ်ပေးနိုင်ဘူးတဲ့လေ။
ကြည့်စမ်း။သူ အလိုလိုက်တာများလို့ ကြောက်ရမှန်းမသိတော့ဘူး။
« Doh Kyungsoo ဒီကို လာခဲ့စမ်းပါ »
လက်မှဆွဲ၍ အနားခေါ်လိုက်တော့ မရမကာရုန်းထွက်ရန် ကြံနေပြန်တယ်။
« မရုန်းနဲ့။မင်း နာတာပဲ အဖက်တင်သွားလိမ့်မယ်»
ပြောလည်း မရ။အတင်းရုန်းနေတာမို့ လက်ကလေးနီရဲပြီး နာသွားမှာမလိုလား၍ ထပ်သတိပေးရန် လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွေဆူထော်လို့ ကောက်ကွေးလေးလုပ်နေတယ်။
« အဲ့နှုတ်ခမ်းတွေ သိမ်းထားနော် Kyungsoo...
ငါ ခွေးစိတ်ပေါက်လာရင် မင်းမလွယ်ဘူး »တစ်ခွန်းတည်းနှင့် ထိရောက်သွားတယ်။ Kyungsoo က အဲ့လိုဆို။ သူ့ဆီက အနိုင်ကျင့်ခံ၊အပြောခံလိုက်ရမှ။မဟုတ်ရင် တစ်ချိန်လုံး သူကို တော်လှန်နေတာ။
YOU ARE READING
FOREVER ONLY
Fanfictionမယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ်