2

386 63 4
                                    

ကွာရှင်းစာချုပ်၌ ​လက်မှတ်ထိုး​နေသူအားကြည့်၍ ချွမ်​ရွေ့ မျက်​မှောင်ကြုံ့လိုက်သည်။

ဂင်မ်ထယ်ရယ် ဘာအကွက်​တွေ​ ​ရွေ့​နေပြန်ပြီလဲ။

မူလက ဤကိစ္စကို အ​တော်​လေး ခက်ခဲမည်ဟု ​တွေးထား၍ ​သူ့ဘက်က ​သေ​သေချာချာပြင်ဆင်ပြီးမှ ကွာရှင်းရန်​တောင်းဆိုခဲ့​သော်လည်း တစ်ဖက်လူ၏တုံ့ပြန်မှုက ထင်မထား​လောက်​အောင်ပင် တည်ငြိမ်​နေ၍ အသာတကြည်ပင် လက်မှတ်ထိုး​ပေးလာသည်။ သူစိတ်ထင်​နေခြင်းသာ မဟုတ်ပါက ယ​နေ့ ဂင်မ်ထယ်ရယ်၏ပုံစံမှာ အ​တော်​လေး တက်ကြွ​နေ၍ ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးရသည်ကို လက်ထပ်စာချုပ်၌ လက်မှတ်ထိုးရသည်ထက်ပင် ပို၍ပျော်​ရွှင်တက်ကြွနေပုံ။

လက်ထပ်စာချုပ်ဟု​သော စကားလုံးကို ​တွေးမိ​သောအခါ သူတို့နှစ်​ယောက် လက်ထပ်ထားရသည့် အ​ကြောင်းအရင်းကပါ ​ခေါင်းထဲဝင်လာ၍ ချွမ်​ရွေ့ အံကြိတ်မိသွားသည်။

ဘီတာတစ်​ယောက်ထံမှ အတင်းအကြပ် လက်ထပ်ရန် ဖိအား​ပေးခံရခြင်းက အယ်လ်ဖာတစ်​ယောက်၏မာနကို ဆိုးဆိုးဝါးဝါး ထိခိုက်​စေ၍ အထူးသဖြင့် နဂိုကတည်းက မာနကြီးသည့်ချွမ်​ရွေ့လို လူမျိုးအတွက် ပိုဆိုးသည်။

သို့​သော် ​အ​ဖေတစ်ခု သားတစ်ခုသာရှိသည့် ဘဝတွင် ဖခင်ဖြစ်သူ စိတ်ဒုက္ခ​ရောက်​နေသည်ကိုလည်း မမြင်ချင်​ပေ။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်​ကြီးဖြစ်သည့် ဖခင်ဖြစ်သူသည် ဇနီးသည်ကွယ်လွန်ပြီး​နောက်တွင် ​လက်တွဲ​ဖော်ထပ်မရှာသည့်အပြင် တစ်ဦးတည်း​သောသားဖြစ်သည့် သူ့အ​ပေါ်၌ မည်သည့်ဖိအားမှမ​ပေးခဲ့ဘဲ Dance Studio ဖွင့်၍ ဝါသနာပါရာလုပ်​သောအခါတွင်လည်း ​ကောင်းသည်ဆိုးသည်မ​ဝေဖန်ဘဲ စိတ်တိုင်းကျနေထိုင်​စေခဲ့သည်။

သို့​သော် ယခင်​တောင်ကိုရီးယားသမ္မတ​ဟောင်းဖြစ်သူ ဂင်မ်မင်ဆွန်းက ချွမ်​​ရွေ့အား သူ၏မြေးနှင့် လက်ထပ်​ပေးရန်အတွက် ​ကမ်းလှမ်းခြင်း အမည်ခံ​သည့် မသိမသာအကြပ်ကိုင်မှုကို ပြုလုပ်လာ​သောအခါ ပင်စင်ယူရန် တစ်နှစ်နီးပါးသာကျန်​တော့သည့် ဖခင်ဖြစ်သူမှာ အကြပ်ရိုက်ခဲ့ရ၏။ သမ္မတ​ဟောင်းမှာ နိုင်ငံ​ရေးနယ်ပယ်၌ ဂုဏ်သိက္ခာကြီးမားသည့်အပြင် ယခုအချိန်အထိ သြဇာလွှမ်းမိုး​​နေဆဲဖြစ်​သော​ကြောင့် ငြင်းဆန်ရန်ခက်ခဲ​လှသော်လည်း သားဖြစ်သူကို အတင်းအကြပ် မ​တောင်းဆိုချင်၍ စိတ်ဒုက္ခ​ရောက်နေသည့် ဖခင်ဖြစ်သူ၏ပုံစံကို ချွမ်​​ရွေ့က သတိထားမိ၍မေးမြန်းမှသာ လက်ထပ်​ပေးရန် ကမ်းလှမ်းလာသည့်အ​ကြောင်းကို သိခဲ့ရခြင်းဖြစ်သည်။

HolyShitt! My ex-husband loves me ??Where stories live. Discover now