Intro

604 66 9
                                    

"ဂင်မ်ထယ်ရယ်! ခင်ဗျား ဘယ်အိုမီဂါနဲ့ အိပ်လာတာလဲ!"

" .... "

ဝုန်း! ခွမ်း!

​ပစ္စည်းများကို ​​ဆောင့်ကန်ပစ်သည့်အသံနှင့်အတူ ရုတ်တရက် လှိုက်တက်လာသည့် စီးကရက်အနံ့ပြင်းပြင်း​ကြောင့် ထယ်ရယ် ဒူးများညွတ်ကျမသွား​အောင် မနည်းထိန်းလိုက်ရသည်​။

"ရှန်ချွမ်​ရွေ့! မင်း မမိုက်ရိုင်းလာနဲ့​နော်!"

"အဲဒါဆို ကျုပ်​မေးတာ​ဖြေ​လေ ခင်ဗျား! အခု ဘယ်​​​​​စောက်အိုမီဂါနဲ့ အိပ်လာတာလဲလို့!"

"ငါက ဘယ်အိုမီဂါနဲ့အိပ်ရမှာတုန်း! ရူး​နေတာလား! "

"ဟား!! အိုမီဂါမဟုတ်ရင် အယ်လ်ဖာနဲ့ အိပ်လာတာလား၊ ဘယ်အယ်လ်ဖာက ဒီလိုအနံ့မျိုးရှိလို့လဲ!"

"ဒီမှာ! မင်း အခု​ပြော​နေတာ​တွေ ငါ တစ်လုံးမှလည်း နားမလည်ဘူး။ စိတ်လည်းမဝင်စားဘူး၊ အဲဒါ​ကြောင့် ဒီလို​စောက်ရူးစကား​တွေ​ ဆက်ပြော​​နေမယ့်အစား ငါ့​ရှေ့က ထွက်သွားလိုက်​တော့! အခု! ချက်ချင်း!"

"နားမလည်ဘူး ... အဟက် .. ခင်ဗျားက ​အတော်မျက်နှာ​ပြောင်တိုက်နိုင်တာပဲ ဂင်မ်ထယ်ရယ်။ ခင်ဗျားကိုယ်က အနံ့​တွေ ဒီ​လောက်မွှန်ထူ​နေတာ​တောင် ကျုပ်ကို ​ဗြောင်လိမ်ရဲ​သေးတာလား! ​သြော် .. ​မေ့လို့ ခင်ဗျားကမှ အနံ့မရတာ"

"​အနံ့ ?? နေပါဦး .. ဘယ်က အနံ့ ..."

"ဘယ်ရီနံ့! အခု ခင်ဗျားကိုယ်မှာစွဲ​နေတဲ့ စ​တော်ဘယ်ရီအနံ့​! ခင်ဗျားသာ အိုမီဂါနဲ့အိပ်မလာရင် အဲဒီဖယ်ရိုမုန်းနံ့က ဘယ်ကထွက်​နေမှာလဲ!"

"ဟမ်"

______ 🚬 ______

ကတိ​ပေးထားတာ​လေးပါ​။ အိုမီဂါဗာ့စ်ဆို​တော့ သိတဲ့အတိုင်း မက်ကျူးဝါးလည်း အွန်၊ curse words​ တွေအတွက်လည်း အွန်၊ ရည်းစားမရှိတဲ့သူ​တွေအတွက်လည်း အွန်၊ အကုန်ကြိုပြီး Warning ထားပါတယ်နော် 😾

20.11.2023

HolyShitt! My ex-husband loves me ??Where stories live. Discover now