Ep- 11

176 12 2
                                    

Unicode

ကျွန်မမျက်နှာသစ်ဖို့အသွား ဒန်းပေါ်အစ်ကိုထိုင်နေသည်။ အဆောင်တံခါးသော့ကိုကြည့်ပြီး ပွစိပွစိလုပ်နေသည်။ အစ်ကို့ပုံစံက မာနကြီးသည်ဟုထင်ရပေမဲ့ သဘောကောင်းရှာပါသည်။ ကျွန်မအမြင်ပေါ့။

"အစ်ကိုတစ်ယောက်တည်း ဘာတွေပြောနေတာလဲ..."

"အစောကြီးရှိသေးတယ် ထပြီလားနွယ် ပြန်အိပ်ဦးလေ..."

"အတန်းရှိလို့ပါ အစ်ကိုကရော ဘာလုပ်နေတာလဲ အစောကြီး..."

"၆နာရီမထိုးသေးတော့ တံခါးမဖွင့်သေးဘူး လူကဗိုက်ဆာနေပြီ ခဏနေကျူရှင်ပြေးရဦးမယ်..."

"အော် မနေ့ညကမစားထားဘူးလား... ခေါက်ဆွဲရှိတယ် ပြုတ်ပေးမယ်လေ..."

"နေပါစေ မနက်စာစားပြီးတာနဲ့ ကျူရှင်တန်းသွားမှာ အနီးကပ်တက်ရမဲ့ရက်နီးမှကွာ ကျူရှင်ကတက်နေရတုန်း ဒါနဲ့စကားမစပ်... မင်းမဟော် လာ‌ခေါ်မှာမလား..."

"အခြေအနေအရဘဲလေ မပြောတတ်ဘူး..."

"တစ်ခုလောက်မေးချင်တယ်နွယ်..."

ကျွန်မအစ်ကို့ကိုကြည့်နေပေမဲ့ အစ်ကိုခေါင်းငုံ့နေသည်။ နားမလည်နိုင်ဆုံးလူသားထဲ အစ်ကိုအပါအဝင်ပေါ့။

"မေးလေအစ်ကို..."

" သူ့ကိုချစ်တာလား ကြိုက်တာလား..."

"အွန်း ခံစားချက်ရှိလို့ တွဲတာဘဲလေ ချစ်တယ် ကြိုက်တယ်ဆိုတာ အတူတူဘဲမဟုတ်လား... ပြီးတော့စိတ်ရှုပ်စရာတွေသိပ်မတွေးချင်ဘူးအစ်ကို..."

"အဟက်... ခံစားချက်ဆိုဘဲ..."

"မ‌ခနဲ့ပါနဲ့ အမှန်ပြောတာပါ..."

"ခံစားချက်ဆိုတာ ဘာကိုဆိုလိုတာလဲ ဟန်ဆောင်အပြုံးလား ဒါမှမဟုတ် အသက်မပါတဲ့အပြုအမူတွေလား... တစ်ဖက်သားစိတ်ကို သေချာမကြည့်ဘဲ အပေါ်ယံတွေမပေါင်းပါနဲ့ စိတ်ရင်းနဲ့ပေါင်းကြည့်ပါလားနွယ်..."

"အမှန်အတိုင်းချပြတော့ရော ဘယ်သူကနားလည်ပေးမှာလဲ ညီမခံစားနေရတာတွေ ညီမသာအသိဆုံးပါ ကိုယ်တိုင်ရေးတဲ့ရာဇဝင်ကို သူတစ်ပါးနှုတ်ပြောပုံပြင်အဖြစ်တော့ မပြောင်းလဲချင်ပါဘူး နောက်ကျောကထိုးတဲ့
ဓားက ပိုပြီးနာကျင်ရပါတယ်အစ်ကို..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now