part-1

1.2K 64 10
                                    

"unicode"

သတင်းထောက်တွေမီဒီယာသမားတွေအသဲအသန်ကင်မရာကိုယ်ဆီနဲ့မျက်တောင်မခက်ခမ်း ထိုလူ့ရဲ့ပုံတွေကိုရိုက်ယူနေကြသည်

ကင်မရာမီးရောင်တွေကြားမတ်တပ်ရပ်နေပြီးချောမောလွန်းတဲ့ရုပ်ရည်နဲ့အရှိန်အဝါကထင်ပေါ်နေသည် သို့ပေမဲ့မျက်နှာအနေအထားဟာရေခဲရိုက်သလိုအေးစက်တည်တင်းလျှက်ရှိသည်

"jungkook shi ဒီဘက်ကိုကြည့်ပေးပြီး heartပုံစံလေးလုပ်ပေးပါ!"

"မလုပ်ချင်ပါဘူး"

heartပုံစံလုပ်ခိုင်းတဲ့မီဒီယာသမားလေးမှာ
မျက်နှာမဲ့ကျသွားသည် ဒီမင်းသားကပွဲစကတည်းကဂျစ်တိုက်နေတာပဲ ဘုကလန့်ပြန်မဖြေဘူးဆိုရင် ဒီထိပ်တန်းမင်းသားjeon jungkookဘယ်ပီသတော့မှာ..။

မင်းသားjungkookရဲ့နောက်ထပ်ထွက်ရှိထားတဲ့Yes or No ဇာတ်ကားရဲ့ PREMIERပွဲဖြစ်သည် ထိပ်တန်းမင်းသမီးတစ်ယောက်နဲ့အတူတွဲရိုက်ကူးထားတာဖြစ်ပြီး romanceဆန်ဆန်ဇာတ်ကားအမျိုးအစားဖြစ်၏ သေချာတာကတော့ဒီဇာတ်ကားသည်လဲမင်းသားjeon jungkookပါဝင်ထားသည့်အတွက်ဝက်ဝက်ကွဲပေါက်ဦးမှာပါပဲ

ပွဲတွင်းရှိနေတဲ့တစ်လျှောက်လုံး သူ့ပွဲဖြစ်တာတောင်တစ်စက်မှမပြုံးမရယ် မန်နေဂျာဖြစ်တဲ့ဂျောင်ဟျောင်းကလဲအတင်းသွား​ပြောမရဲ မဟုတ်ရင်နဂါးမျက်ဆောင်းကြီးနဲ့ပိတ်ဟောက်ဦးမှာ ဒီနေ့သူတို့မင်းသားရဲ့စိတ်အခြေအနေဟာလုံးဝအခြေအနေမကောင်း ကြောက်ရသည်

​လစာပိုရမည်ဆိုလို့လုပ်ခဲ့မိတဲ့မန်နေဂျာအလုပ်..အခုတော့အဲ့ဒီတဇွတ်ထိုးမင်းသားရဲ့မန်နေဂျာလုပ်နေရတာထက်ကျားဖင်ပြေးနှိုက်တာကမှပိုလွယ်ကူဦးမည်။

ပွဲစီစဥ်သူဒါရိုက်တာကြီးကဂျောင်ဟျောင်းဆီလျှောက်လာပြီးခပ်တိုးတိုးပြောသည်

"မင်းတို့မင်းသားကိုနည်းနည်းပါးပါးပြုံးခိုင်းဦး ရုပ်ကအကြွေးရှင်မျက်နှာထားနဲ့"

"ဟာ ဒါရိုက်တာကြီးကလဲ ကျွန်တော်မပြောရဲဘူး ရာသီဥတုအခြေအနေမကောင်းဘူးဗျ"

"မင်းကမန်နေဂျာပဲနည်းနည်းပါးပါးပြောလို့ရမှာပါ ပြောကြည့် ဟိုမှာအဖွဲ့သားတွေနဲ့လုပ်ငန်းရှင်တွေတောင်ကြောက်နေပြီ"

Die for you Where stories live. Discover now