"ဟုတ်ကဲ့ ကျွန်တော်ဖတ်ကြည့်လိုက်ပါမယ်"

သူဌေးပေးတဲ့ စာအုပ်ကိုယူလိုက်သည်။
သူဌေးက pawat ကို ကြည့်လိုက်ပြီးတော့ ခေါင်းငြိမ့်ပြသည်။
ထိုအရာက တစ်ခုခုကိုမျော်လင့်နေတယ်
ဆိုတာ ကျွန်တော်သိတယ်

" pawat ရှေ့လ ရဲ့ ဆုပေးပွဲ အခန်းနားကို korapat နဲ့အတူတတ်ရမယ် အားလုံးကို
manager ကစီစဥ်ပေးလိမ့်မယ်"

"ဟုတ်ကဲ့ "

သူတို့ company က ထွက်လာပြီးတော့
ဆိုင်မှာ ဝင်ထိုင်လိုက်သည် ။ ဇာတ်ညွှန်း စာအုပ်ကို တစ်ချပ်ကြည့်လိုက်ပြီး pawat ကိုကြည့်လိုက်တော့ pawat က ဇာတ်ညွှန်းကို ယူဖတ်လိုက်သည်။

အမှန်တိုင်းပြောရ ရင် သရုပ်ဆောင်ဖက်ကို korapat ကို သွားစေချင်တာ တကယ် ပုံမှန်ဆို korapat က သီချင်းကိုသာ ဦးစားပေးတတ်သည် ၊ ဒါပေမယ့် သူ့အရည်ချင်းက
ကျွန်တော်ထက်တောင်ပိုသေးတယ်လေ
သရုပ်ဆောင်အလုပ်ကိုမလုပ်ရင်နှမျောစရာမကောင်းဘူးလား

ဒါပေမယ့် တစ်ခုက သူမိန်းကလေးတွေနဲ့ တွဲသရုပ်ဆောင်ရ ရင် ကျွန်တော် သဝန်တိုမိမှာ တကယ်  အခုက သရဲကား ၊ ဒါပေမယ့် မိန်းကလေး ပါတယ်။

" သရဲကားပဲ မင်းအရင်ကပြောတော့ သရဲကားတွေ ရိုက်ချင်တယ်ဆို ဒါက အခွင့်ရေးပဲလေ "

"ငါရိုက်ရင် မင်းကြည့်မှာလား"

"ကြည့်မှာ မင်းနဲ့အတူ ကြည့်မယ်လေ မင်းဘာလုပ်လုပ် ငါက မင်းရဲ့ ထာဝရ ပရိတ်သတ်ပဲ "

"အပြောတွေက "

"ဟေး တကယ်ပြောတာ "

korapat က ခေါင်းကို ခါလိုက်ပြီး ရေခဲမုန့်ကို စားလိုက်သည် ။
ပါးစပ်မှာ နည်းနည်းပေ ေနတော့ pawat က
လက်နဲ့ ယူသုတ်လိုက်တော့ korapat က နည်းနည်း နောက်ကိုဆုတ်လိုက်ပြီးတော့

" လူတွေမြင်ကုန်မယ် ငါတို့က public ကြီးမှာ "

"ဘာဖြစ်လို့လဲ ကိုယ့်ကောင်လေး ကိုယ်ဂရုစိုက်တာလေ "

"ငါမင်းကောင်လေးမဟုတ်သေးဘူးနော်"

"နောက်ဆိုဖြစ်လာမှာပဲ မင်းရှက်နေတာလား"

"မရှက်ပါဘူး ဘာကိုရှက်နေတာလဲ "

"ငြင်းမနေနဲ့ ငါမင်းနဲ့အတူ သရုပ်ဆောင် သင်တန်းအတူတတ်ခဲ့တာ မင်းရှက်နေတာကိုသိတယ်"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now