S2 Ep1

20.1K 911 107
                                    

ကလင် ကလင် .....
ကလင် ကလင်.......!

"ဟေ့ ဟေ့ ဘေးဖယ် တိုက်မိမယ် ငတုံးကောင်ရဲ့..."

အနီနားရောက်ခါမှ အသဲသန်တီးခက်လာတဲ့ စက်ဘီးဘဲသံများကြောင့် စောသိုက်ခေတ် ရှောင်ချိန်မရလောက်အောင် စက်ဘီးများက သူ့အနားနားမှ လေအလျှင်နဲ့အတူ ရှပ်တိုက်ဖြတ်ပြေးသွားကြသည်။ စက်ဘီးစီးလာသည့်အဖွဲ့ထဲမှ ရှပ်တီးရှပ်ပြာ အိန္ဒြေရည်မဲ့စွာ အော်လာသည့် ကောင်လေးမှာ ကြည့်ရတာ စက်ဘီးကို ဗရမ်းဗတာနင်းလာသည့်အပြင် လူကိုပါ စော်ကားသွားသေး၏။ ဘယ်လောက်ဘဲမတိုက်မိပါစေဟုဆိုဆို သူ့​ရဲ့ မျက်ထောင့်နီကြီးများနှင့် ထိုစက်ဘီးအပေါ်က ကျောင်းစိမ်းဝတ်စုံနှင့်ကောင်ကလေးအား မကျေမနပ်ဖြစ်စွာ လှမ်း၍ကြည့်လိုက်မိ၏။

"တောက် ဘယ်လို ဟာမျိုးတွေနဲ့ လာတိုးနေတာလဲမသိဘူး..."

စော၏ ဘုဆက်ဆက် အပြောအောက်တွင် သူ၏ ပြုတ်ကျသွားသော တိုက်ပုံအဖြူလေးအား ပြန်ကောက်လိုက်၏။

............

ကျောင်းအဝရှေ့ရောက်သည့်အခါ အုပ်စုဖွဲ့ပြီးစီးနင်းလာကြသော စက်ဘီး ၆စီးမှာ အော်တို ရပ်တန့်သွားကြ၏။ တစ်ရပ်ကွက်ထဲနေသည့် သူငယ်ချင်းများစုခါ ကျောင်းသို့စက်ဘီးပြိုင်နင်းရင်း အနိုင်ရသည့်လူက ပိုက်ဆံ ၅၀၀ ရမည်ဟူသော အဆိုနှင့် ပြိုင်ပွဲကို အကုန်လုံး၏သဘောတူညီချက်ဖြင့် အတိုင်အဖောက်ညီညီ ပြုလုပ်ခဲ့ကြ၏။

"သားကြီးတို့ ငါနိုင်တာနော် ထုတ် ထုတ် အခုထုတ်...."

လက်ဝါးကလေးဖြန့်လို့ အကြွေးတောင်းသလို ပိုက်ဆံလိုက်တောင်းနေသော မြတ်ကြည်မောင်မောင်ဟူသည့်ကောင်လေးကြောင့် ကျန်လူများမှာ ရှုံ့မဲ့မဲ့နှင့် ပိုက်ဆံထုတ်လာရ၏။ မြတ်ကြည်မောင်မောင် တဲ့ မမြင်ဖူးရင်ကြည့်ကြ.. ရုပ်ကလေးက သနားကမားနှင့် ပိုက်ဆံနှင့်ပက်သက်လာလျှင်တော့ မပေးရဲဘဲနေကြည့် သေလျှင် အုတ်ဂူအထိလိုက်ဖောက်ပြီး ကတိုးခကိုပါ လာယူမဲ့ကောင်မျိုး...

ပထမဦးဆုံး တက်သည့် အထက်တန်းနောက်ဆုံးနှစ်မို့ ကျောင်းလိုက်ပို့သည့် မိဘများရှိကြပြီး တချို့ဆိုလျှင် ဘုရင်ကြွချီလာသလိုမျိုး ဆွေတော်မျိုးတော်တွေအထိပါ ပင့်လာပြီး စောက်ပိုလာလုပ်ပြကြ၏။ မောင်မောင် နှာခေါင်းတချက်ရှုံ့ရင်းမှ တစ်နေရာသို့ မျက်လုံးအကြည့်ရောက်သွားတော့ sport ကားအဖြူကလေးပေါ်မှဆင်းလာသည့် ကောင်မှာ မာမီတွေ ဒယ်ဒီတွေ တာ့တာဟု လုပ်ပြနေသော မေမေ့သားလေးဖြစ်တလည်း ဆရာ ဆရာမများ၏ အချစ်ခံကောင်အား တွေ့ရှိလိုက်ရသည်။ ၅တန်းနှစ်ကတည်းက တစ်ခန်းထဲအတူကျလာသည့်ကောင်မို့ စောက်ချိုးများအား အတွင်းသိရောအဆင်းပါသိနေခြင်းဖြစ်သည်။ မိသားစုက ပံ့ပိုးနိုင်သည်မို့ ဆရာမများကို မျက်နှာလုပ်ခါ လာဘ်ထိုးနေတာ မသိသာဘူးဆိုတော့..။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Место, где живут истории. Откройте их для себя